Thursday, June 29, 2006

တစ်စိမ့်စိမ့်တွေး တစ်ရေးရေးပေါ်




ကျွန်တော့် မိတ်ဆွေကြီး သခင်ကြီးရဲ့ အတွေးကောင်းကောင်းနဲ့ native မှာ ဟာသ လုပ်ထားတဲ့ signature ပါ... အလေးအပင်တွေများနေတဲ့ ကျွန်တော့် ရင်ထဲမှာ ပေါ့ပေါ့ ပါးပါး ပြုံးချင်လို့ပါ...
  • အခုမှထပြီး ဖွရှုပ်လုပ်တာတော့ မဟုတ်ရိုးအမှန်ဗျို့...စတွေ့ကတည်းက ကြိုက်လို့ သိမ်းထားတဲ့... အမှတ်တရလေး ပါ......ဆရာသမားရေ.......
လင်းကို
T@g: ,,

Wednesday, June 28, 2006

ခံစားလိုက်ရသော နေ့စွဲများ (26,6,06)

နေ့စွဲ (၃)

အားလုံးကို အောင်မြင်စွာ banned လိုက်ကြပါပြီ...ဘယ်နေ့တော့ ဘယ်အပေါက်က ပြန်ဝင်ရမယ် မသိပါ.... ကျွန်တော့် မှာလည်း ဘာ ခံစားချက်မှ မရှိတော့ပါ...တွေးပြီး ဆွေးမနေ ဖြစ်အောင် အလုပ်တွေရှုပ်နေတာကိုပဲ ကျေနပ်နေမိတော့တယ်...သတိရတော့လည်း တယ်လီဖုန်းလေး ဆက်တာ ပေါ့..... အားလုံးကောင်းပါတယ်..မကောင်းရင်လဲ.. အခွင့်အရေးလေး တူချင်သပ ဆိုရင်လဲ.. ထွက်တော်မူ နန်းကခွာ ပေါ့ကွယ်.. ထွက်ခွင့်ပေးထားတာပဲ...အချုပ်တန်းဆရာဖေ ရဲ့ ကဗျာ ထဲက စာပိုဒ်လေး တစ်ခုကိုတော့ ကိုယ့်အတွေး နဲ့ကိုယ် ပြန်ရွတ်နေမိပါတယ်.......

လင်းကို


T@g: ,,

ခံစားလိုက်ရသော နေ့စွဲများ (25,6,06.)

နေ့စွဲ (၂)

ဒီနေ့တော့ အလုပ်တော်တော်ရှုပ်သွားတယ် . အပေါင်းအသင်းတွေဆီ ဖုန်းဆက် ကျော်ခွနည်းလေးများ ကြိုရှာ ထားကြပါပေါ့ . ငါကတော့ အစတည်းက မကြိုက်တဲ့ meebo နဲ့ gmail-lite ကိုပဲ အောင့်နမ်းနေရပြီ လုပ်ကြပါဦး ပေါ့. ဒါတွေလည်း မကြာမီ လာမည်ပေါ့ .. ကိုယ့်ထက် ရင်နာနေရတဲ့ သူတွေကိုလည်း အားပေးပေါ့..စတင်ပြီး အကျိုးခံစား နေရပါပြီ..ဖုန်းခွန် သွားဆောင်သောအခါ ပိုခံစားရပါတော့မည်.....
သိပ်ကောင်းလွန်းလို့ မသုံးတတ်တာနဲ့ ပစ်ထားတဲ့ bagan mail account ကိုလည်း သွားပြန်ဖွင့်ပြီး သုံးတတ် အောင် ကြိုးစားရ ပါဦးမည်.....
gtalk နဲ့ပဲ ဆုံဖြစ်နေတဲ့ အရပ်ရှစ်မျက်နှာက အပေါင်းအသင်းတွေ အတွက်တော့ အဆက်အသွယ် ပျက်ပြီ မို့ စိတ်မကောင်း တော်တော် ဖြစ်ရပါတယ်..ရွှေမန္တလေးကတော့ ဒီနေ့ထိ 0K ပဲဆိုပါလား.. ကောင်းပ ...ခေါ်ကြပါ တယ် မန္တလေးလာဖို့ ... သွားချင်ပါတယ်..ဒီ့ပြင် ကိစ္စနဲ့တော့...လစဉ်ကြေး ၃၅ကျပ် ပေးသုံးပြီး တော့မှ သူများလို အခွင့်အရေး တန်းတူမရတဲ့သူ မလို့ ဒီဘ၀ ဒီမျှသာရှိပါစေတော့.....gmail-lite သုံးရနေတုန်း data ရွှေ့ပြောင်းရေး
လုပ်နေရပါတယ်...connection ကလဲ ကောင်းမှကောင်းဆိုတော့..အင်း.... စိတ်ပျက်စရာကလဲ ကောင်းမှကောင်း ပါပဲ.......

လင်းကို


T@g: ,,

ခံစားလိုက်ရသော နေ့စွဲများ (24,6,06.)

နေ့စွဲ (၁)

အပြင်မှာ တစ်နေကုန် ပင်ပန်းပြီး ပြန်ရောက်လို့ computer လေးကောက်ဖွင့် mail လေးဖမ်းစစ် တန်းလုပ်လိုက်ပါ တယ်.
ဝင်လို့မရတော့ဘူး.gtalk ဖွင့်ပြန်တော့လဲ အလားတူပဲ. meebo ကနေ ၀င်ပြီး အပေါင်းအသင်းတွေ မေးတော့... မင်းတို့ဆီမှာ banned ပြီတဲ့..သေချာအောင် ၄၄၂၁၁၁၁ ကိုဆက်ပြီးမေးမိပါတယ်.

--- အကို က ခုမှ သိတာလားတဲ့ banned ပစ်လိုက်ပါပြီတဲ့.ဘာကြေငြာချက်မှ အပြင်ကို မထုတ်သေးပဲ ဒီနေ့စ banned ပါတယ်တဲ့.ဘာလို့ မကြေငြာလဲ သိချင်ရင် head office ကို compalin လုပ်ပါတဲ့.. ---

customer တစ်ယောက်ရဲ့ အကျိုးစီးပွား နဲ့ ခံစားချက်က ဘာမှ အရေးထားစရာ မလိုလောက်အောင်ပါလား..
အခိုက်အတန့်တော့ ကြောင်သွားမိတယ်...နောက်မှ..အော် ... ငါက မြန်မာပြည်က မြန်မာပြည်သား တစ် ယောက် ဆိုတာ သတိရတယ်.
ဟုတ်ပါတယ်လေ.. သူတို့ အဖွဲ့အစည်းက တရားဝင် ပေးထားတဲ့ mail service အကောင်းစားကြီးတွေရှိတာပဲ.ဘာတွေ သောကများရမှာလဲ.. ပိတ်လိုက်တဲ့ mail account မှာပါသွားတဲ့ data တွေအတွက်တော့ တရားနဲ့ဖြေပေါ့.. အမေရှိရက် ဒွေးလေး သွားလွမ်းတာကိုး..
တရားဝင် ကိုယ့် ဘာသာ ကိုယ် နားလည်လိုက်ပါတယ်..gmail-lite ကတော့ ရသေးတယ် လုပ်စရာရှိတာ လုပ်ပေါ့.
ဒါပေမယ့် စိတ်အလိုမကျခြင်းက လူကို နိုင်စားသွားပြီ...ဆက်လုပ်ချင်စိတ် တည်ဆောက်မရတော့ဘူး.....
ကျွန်တော်တို့ တွေ ခေတ်မှီတိုးတက်အောင် တည်ဆောက်နေကြတာပဲ လေ.....စိတ်ထိန်းထားရ မှာပေါ့...
အဲဒီည က အိပ်မက် မက်တယ်ဗျ..မိုးကိုလင်းရောပဲ..အားလုံးတော့ မမှတ်မိတော့ ဘူး...အူတွေနာ နေတာတော့ သေချာတယ်.တစ်ညလုံး ရယ်ထားရတာကိုး.......

လင်းကို


T@g: ,,

Friday, June 23, 2006

Myanmar Classical Music and Literature

မမေ ရဲ့ may11 blog မှ post ရဲ့ ကောင်းမှုကြောင့် ကနေ့မှ Myanmar Classical Music and Literature ဆိုတဲ့ ဦးမောင်ကို ရဲ့ Topic ကို Native Myanmar Forums မှာ တွေ့ရှိ လေ့လာဖတ်ရှုပြီး သီချင်းကောင်း သီချင်းခန့်တွေကို ဆွဲယူ နားထောင်ဖြစ်ပါတယ်....တစ်ကယ့်ကို ရှားပါး အဖိုးတန်တွေပါ ...
Here i will gave download links to Myanmar Classical Music as well as Myanmar so called old music. ဆိုတဲ့ Topic ရှင်ရဲ့ နိဒါန်း နဲ့အစပြုလို့ . သီချင်း links များ ကို သူ့ရဲ့ မှတ်သားဖွယ် comments များနဲ့ အတူ တစ်ပုဒ်ချင်းဆီ posts များတင်ထားပါတယ် ...
ဝင်ရောက်တောင်းဆို ဆွေးနေွးကြတဲ့
Native Myanmar Forums ၀ိုင်းတော်သားများရဲ့ posts များအပါအ၀င် စာမျက်နှာ ၇ မျက်နှာ မှာ သီချင်းပေါင်းမြောက်များစွာနဲ့ comments ပေါင်းမြောက်များစွာ ပါဝင်ပါတယ် .. နောက်ထပ်လည်းဆက်လက်ချီတက်ဦးမယ်လို့ မြင်မိပါတယ် ..
အလွန်ကို တန်ဖိုးရှိလှတဲ့ Topic လေးပါ.ဦးမောင်ကိုရဲ့ ရည်ရွယ်ချက် နဲ့ စေတနာဟာ လေးစားစရာပါဗျာ .. ဒီလို Topic ကောင်းပေါင်း မြောက်များစွာပါဝင်တဲ့ Native Myanmar Forums ဟာလည်း တစ်ကယ့်ကို ရွှေစစ်စစ်ပါပဲ ...
ကျွန်တော်လည်း မြန်မာ သီချင်းစစ်များ နှစ်သက်သလို ..ဒီလိုအင်မတန်ကောင်းတဲ့ မြန်မာ သံစဉ် စစ်တွေကို သိပ်ကြိုက်ပြီး .. အခုအချိန်မှာ မြန်မာ့ အသံ နဲ့ ရုပ်မြင်သံကြားက ထုတ်လွှင့်တိုင်းစောင့်နားထောင်ရင်း သူတို့တုန်းကဖြင့် ဘယ်သူက ဘယ်လိုဆိုပြီး ဘယ်လိုဖြင့်ကောင်းလိုက်တာရယ်လို့ ပြောရင်း နောက်ကြောင်း ပြန်တတ်တဲ့ အဖိုး နဲ့ အဖွား ကို သတိရပြီး .. အော် ငါ့ အဖိုး နဲ့ အဖွား မှာ ဒီလောက်စုံအောင် အခုတော့ လက်ထဲ မရှိရှာတော့လို့ ဒီ သီချင်းတွေက်ု CD ရိုက်ပြီးပေးရင်သိပ်ဝမ်းသာရှာမှာပဲ ဆိုပြီး သွားစရာရှိတဲ့ အလုပ် ကိစ္စ ကို ဖျက်ပြီး တစ်နေကုန်ဆွဲချ ပါတယ် ..ဒါပေမယ့်လဲ..စာမျက်နှာ နှစ်ရွက်မှာတင်ပါတဲ့ သီချင်းများတင် တစ်နေ့တာ ကုန်သွားပါတယ် ...Native Myanmar Forums က ဦးမောင်ကိုရဲ့ join date ကိုကြည့်တော့ 8,Jan,06 လို့သိရပါတယ်. အဲဒီထဲက မသိပဲ အခုမှ သိရလို့ ၀မ်းနည်းမိပါတယ် ...
နောက်ရက်တွေမှာတော့ အလုပ်ကိစ္စ တွေနဲ့ ချာလည်ရိုက်ရင်း online ရောက်မှ ဆွဲချ နိုင်မှာမို့ ၆ရက်လောက်တော့ ဆွဲရမယ်တူပါတယ် . ကျွှန်တော့် Broad-band ကလည်း tower နဲ့ လမ်းမသင့်လို့ သူများတွေလောက် မမြန်တော့.အဲဒီလောက်သွားမှာပါပဲ.လောလောဆယ် ဆွဲပြီးတဲ့ ၂၃ပုဒ်ကိုပဲ မနက်ဖြန် သွာပေးရတော့မှာပါပဲ...
အဖွားသာ ရရင်ဝမ်းသာပြီး အကျိုးကြောင်း သိလို့ကတော့ ဦးမောင်ကို အတော်လေးကို ကျေးဇူးတင်ရှာမှာပါ. .အဖိုးကတော့ လက်ရှိအချိန်မှာ World Cup ကလွဲလို့ ဘယ်အရာမှ သူ့ကို ဆွဲဆောင်နိုင် တော့မယ် မထင် တော့ပါဘူး..ကျွန်တော်ကလည်း ဦးမောင်ကို အား အလေးအနက်ထားပြီးလေးစားစွာကျေးဇူးတင်ပါတယ်ခင်ဗျာ...
ခွင့်တောင်းခွင့်မရခဲ့လို့ ကိုယ့်သဘောနဲ့ကို share ပေးမိတာကိုလည်း နားလည်နိုင်ပါစေလို့ ဆုတောင်း ပါတယ် ခင်ဗျာ .....

ကဲ ... ငါအတင်း ကြည့်ခိုင်းလို့ အလုပ်တွေများတဲ့ ကြားထဲက လာပြီး ကြည့်နေရတဲ့ ချစ်သူငယ်ချင်း အပေါင်း အသင်းတို့ရေ..ဒီ Myanmar Classical Music and Literature Topic ဆိုတဲ့ link ကို Native Myanmar Forums မှာ သွားဖတ် ကြည့်ကြပါဦးကွာ.ရှားပါး မြန်မာသံစဉ်စစ်စစ်တွေပါ..ငါ့လိုပဲ မင်းတို့လဲ နားထောင်ပြီး ပေးသင့်သူကိုပေး.နိုင်တာပေါ့..သီချင်းတိုင်း download မဆွဲ ဖြစ်သေးရင်တောင် ..ကိုတင်ရီ ရဲ့ သီိချင်းတွေ အရင်ဆွဲပြီး နားထောင်ကြပေါ့...
တစ်ခါတုန်းက ငါ့ကို တစ်ကယ် မျက်ရည်ကျ အောင် မျက်ရည်များနဲ့ တယောထိုးရင်း ငါ့အာရုံတွေကို ဖမ်းစား သွားတဲ့ .. ငါ အစ်ကိုလိုချစ်ခင်ရတဲ့ လူတစ်ယောက်ကို မကွယ်လွန်မှီအထိ သူ့နာမည် တစ်ဖွဖွ တမ်းတ သွားစေ ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပါ .. မင်းတို့လည်းသိပြီး ကြိုက်ခဲ့ပြီး ဖြစ်မှာပါ..အပြင်ရောက်နေလို့ သူ့သီချင်းတွေ မပါသွားဘူး ဆိုရင်တော့ .. ဦးမောင်ကို ..ကိုကျေးဇူး အမြန်တင်လိုက်ပေတော့ .....သူရေးထားသလို လက်ကိုင်ပ၀ါတော့ ဆောင်ထားပေါ့ .....
တောင်ငူက အပေါင်းအသင်းတွေ ရေ...မင်းတို့ကတော့ ပြည်လှဖေ ရဲ့ နတ်ရှင်နောင်ကို အရင် ဆွဲချမှာ ငါသိနေပါတယ်....မြန်မာပြည်မှာတောင် ရှာရခက်တဲ့ တစ်ကယ့် ရှားပါး ပါပဲ.....

လင်းကို

T@g: ,,

ကိုလင်းဆက် သို့ အိတ်ဖွင့်ပေးစာ

ကိုလင်းဆက်ရေ အိတ်ဖွင့်ပေးစာဆိုပြီး ကြီးကြီးကျယ်ကျယ် လုပ်တာတော့ မဟုတ်ပါခင်ဗျာ.. ကျွှန်တော့် မှာကလည်း မေးစရာတွေ မှများပဗျာ .. ဆရာသမားကိုက မေးစကလဲရှိပြန်.အားကိုးစကလဲရှိပြန်.ဘယ်နားလိုက်မေးရမှန်းကလဲ မသိပြန်.မဆီမဆိုင် ခင်ဗျားရဲ့ new posts တွေမှာ comment ကတဆင့်လဲ မမေးချင်ပြန်.ဆိုလေတော့. ကျွန်တော့် blog ဆီများ မတော်တဆ ရောက်ပြီး မြင်ပါကောင်းရဲ့ ဆိုပြီး post တင်ကာ အမေးအမြန်းထူလိုက်ပါရဲ့ဗျာ....
ဒီနေ့ မမေရဲ့ blog မှ post ကိုဖတ်ပြီး ဦးမောင်ကိုရဲ့ Myanmar Classical Music and Literature Topic ကိုသိခွင့်ရပါတယ် . ဒါနဲ့ပဲ Native Myanmar Forums သို့သွားရောက် download ဆွဲယူ နားထောင်ပြီး.ဦးမောင်ကိုရဲ့ posts တွေကိုလေ့လာဖတ်ရှု လုပ်ခဲ့ပါတယ်..ဒါနဲ့ တင် အာသာမပြေပဲ.အဲဒီ အကြောင်းကို post တင်.အဲဒီ Topic ရဲ့ link ကိုပါ post မှာ သုံးချင်စိတ်တွေ တစ်အားပေါ်လာပြီး ဦးမောင်ကို ဆီကို request လုပ်ဖို့ကြိုးစားပေမယ့် ကျွန်တော့် Native Myanmar's member account ကို login လုပ်တော့ . Sorry, but your password cannot be retrieved because your account is currently inactive. Please contact the forum administrator for more information. အဲဒီလို ပြဿနာရှိနေတော့ လုပ်ခွင့်မရ ခဲ့ပါဘူး..Forums Rules နဲ့ ငြိလား . ကျွှန်တော့်ရဲ့ အလွဲတစ်ခုခုကြောင့်လားတော့မသိပါ . အဲဒီ ကိစ္စကိုတော့ နောက်ရက်တွေမှာ ဖြေရှင်းမှာပါ..
ဒီ့ပြင် နည်းလမ်း တစ်ခုခုနဲ့ share ပေးရင်လည်းဖြစ်ပေမယ့်.ဦးမောင်ကိုရဲ့ song links များ နှင့်အတူပါရှိတဲ့ comments တွေကိုပါ မူရင်း posts များအတိုင်း အပေါင်းအသင်းများကို သိစေဖတ်စေချင်. နားထောင်စေချင်တဲ့ ဆန္ဒတွေနဲ့အတူ.အဲဒီ Topic ကို ဇွတ်အတင်းပဲ post မှာ link ချိတ်လိုက်ပါပြီ ..
ဒီလို အပြုအမူ ဟာ Blogger Ethics ကို ထိခိုက်စေပါသလားဗျာ .. Blogger Ethics များကို ကျွှန်တော် သိလို ပါတယ် ခင်ဗျာ .. ကျေးဇူးပြု၍ အသိပေးစေလိုပါတယ် ခင်ဗျာ ...
အကယ်လို့များ ကျွှန်တော့် အပြုအမူကြောင့် ဦးမောင်ကို မှာ တစ်စုံတစ်ရာ စိတ်အနှောင့်အယှက် ဖြစ်ပေါ်ခဲ့ရင်လည်း Native Myanmar မှ ကျွှန်တော့် account သုံးရသွားသောအခါ pm ဖြင့် ရိုသေစွာ တောင်းပန်ရန် အသင့်ပါ ခင်ဗျာ ..
တစ်ဆက်တည်းပဲ ကိုလင်းဆက်ရဲ့ email adress ကိုသိလိုပါတယ် .. ကျွှန်တော့် mail adress - linko.a@gmail.com မှတဆင့် ပေးစေလိုပါတယ်.ယခင်တုန်းက မတောင်းဖြစ်တာကတော့ ကျွှန်တော့် အကျိုးတစ်ခုတည်းနှင့် ခင်ဗျား mail box မှာ နေရာမရှုပ်စေချင်လို့ပါ.ယခု လက်တလောတော့ ဒီနည်းသာရှိသောကြောင့် တောင်းဆိုတာပါ ...
အကယ်၍များ အကြောင်းကြောင်း ကြောင့် မဖြစ်နိုင်ပါကလည်း ကိုလင်းဆက်အပေါ် ကျွှန်တော် စိတ်အနှောင့်အယှက် မဖြစ်ပါ ခင်ဗျာ .. အရာရာတိုင်းအတွက်ကျေးဇူးတင်လျက်ပါ.. ကိုလင်းဆက် စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း များနှင့် ပြည့်စုံပါစေဗျာ .....

လင်းကို

T@g: ,,

Wednesday, June 21, 2006

My Memorial



လင်းကို

T@g: ,,

Wednesday, June 14, 2006

Poem

သူငယ်ချင်းများ ပေးပို့ တဲ့ ကဗျာတွေ ကို အစကတော့ e-mail ထဲမှာပဲသိမ်း...print လုပ်ပြီး file ထဲ စီထည့်...ဒီနည်းတွေ နဲ့ပဲ လုပ်နေရင်းက..... အခုတော့ ငယ်ငယ်တုန်းက ကဗျာတွေကို ဒိုင်ယာရီထဲ ကူးမှတ်ခဲ့တာသွား သတိရရင်း Bl0g ထဲရေးထည့်ထားဖို့ စိတ်ကူးလေးရပါတယ်.......
စိတ်ကူးနေတုန်း တိုက်တိုက်ဆိုင်ဆိုင်ပဲ..အောင်မျိုး..က ကဗျာတစ်ပုဒ် လှမ်းပို့လိုက်တာနဲ့ အတော်
ဖြစ်ပြီး အဲဒီ ကဗျာလေးကိုပဲ လတ်လတ်ဆတ်ဆတ် ကောက်တင်ဖြစ်လိုက်ပါတယ်.....ပိုကောင်းသွား
တာကbackgroundလေးပါ လုပ်ဖြစ်သွားတာပါ.......




Photobucket - Video and Image Hosting လင်းကို


T@g: ,,

အားလုံးကို တောင်းပန်ခြင်း.......

ဒီရက်တွေတော့ အလုပ်ကိစ္စ တွေကိုလည်း လုပ်ရင်း ကိုလင်းဆက်ရဲ့ Essential Tips for Making Myanmar Blog ထဲက ကိုယ်မသိသေးတာ လေးတွေကို စမ်းရင်း နဲ့ အချိန်တွေ လုနေရပါတယ်...လုပ်သင့်တာရော လုပ်ချင်တာတွေရော အားပြိုင်နေတဲ့ နေ့တွေပါပဲ...ဒီအတိုင်းတော့ ပြဿနာ မရှိပေ မယ့် ကိုလင်းဆက် ဆီမှာ link ချိတ်ပြီး နှစ်ရက် အတွင်း counter မှာ 40ကျော်တိုးလာတာ ကို သတိပြုမိ လိုက်ပါတယ်.။.......
counter က 60ကျော်မှာ 20ကျော်လောက်ကတော့ ကိုယ်ဇွတ်ကြည့်ခိုင်းလို့ ကြည့်ရရှာတဲ့ ကိုယ့်သူငယ်ချင်း အရင်းခေါက်ခေါက်တွေ ဖြစ်နေ လို့ ခံသာပေမယ့်...ကျန်သူတွေကိုတော့ အတော်လေးအားနာမိပါတယ်...
နှစ်ခါ ၀င်ကြည့်ရ လောက်အောင် လည်း ဆွဲဆောင်မှု ရှိမယ် မထင်မိလို့ counter မှာ ဂဏန်းတစ်ခု တိုးတိုင်း တစ်ခါအားနာ နေရပါတယ်...ဒီ 4-5 ရက်အတွင်းတော့ ကျွန်တော့် Bl0g ဟာ စမ်းချင်တာတွေ စမ်းနေလို့ ဖြစ်ချင်တာတွေ ဖြစ်နေမှာပါ...မျက်စိလည်ပြီး ရောက်လာ သူတွေရော ရောက်ချင်သလို ရောက်လာတဲ့ သူတွေရော အားလုံးကို အလေးထားလို့ ဒီ post မှ တောင်းပန်ပါတယ်ဗျာ.......


T@g: ,,

Monday, June 12, 2006

My Photographs_2005-Dec_Mdy

တောင်သမန်အင်း မှ ပုံရိပ် တစ်ချို့.......
Minolta-Dynax 500si Super_SLR Camera နဲ့ Fujicolour100-24x36mm Film ကို အသုးံပြုပြီး ရိုက်ထားပါတယ်.......


Free Image Hosting at www.ImageShack.us

AF 28-80 Wide နဲ့ Minolta ရဲ့ landscape mode ကိုသုံးပြီး ဘာ filter မှမခံပဲ ညနေပိုင်း နေမ၀င်ခင် မှာ နေရောင်နဲ့ဆန့်ကျင်ဘက်ဖြစ်လို့ subject မှာ အရိပ်ကျပြီး မည်းကုန်မယ်ဆိုတာသိပေမယ့်...အဲဒါကိုပဲ လိုချင်လို့..မိုက်ကန်းကန်း..ရိုက်ခဲ့တာပါ.။.......
ဘုန်းကြီးတွေ သူတို့ ဘာသာ ဦးပိန်တံတားပေါ်မှာ တောင်လျှောက် မြောက်လျှောက် လုပ်နေတာကိုပဲ ကြိုက်လို့ Decisive Moment လို့ ကိုယ့်ဘာသာ ဆွဲစိကာ..Monks ဆိုပြီး ခေါင်းစဉ် တပ်ထားပါတယ်.။.......
Free Image Hosting at www.ImageShack.us

Banner က ပုံပါ..ဒါကတော့ Cropping မလုပ်ထားတဲ့ နဂိုပုံပါ...AF 28-80 Wide နဲ့ပဲ f-16 ထားပြီး shutter speed ကို ဖြစ်ချင်တာဖြစ် auto ထားကာ သုံးချောင်းထောက် ပေါ်တင်ဆော်ထားတာပါ....၅ကွက်လောက် ဖြုန်းလိုက်တာ ဖင်ပြန်ခေါင်းပြန် ကြည့်ပြီး ဒီတစ်ပုံ ကိုယ့်စိတ်ကြိုက် ကျန်ပါတယ်.။.......
နေ့တစ်နေ့ အတွက် နောက်ဆုံး နေရောင်ခြည် စွမ်းအင် ၊ သစ်ကိုင်းခြောက် တစ်စွန်းတစ်စ ၊ အင်းရေပြင် က ပေးတဲ့ ရောင်ပြန်တွေ ၊ အနားသက်ပေးထားတဲ့ သစ်ပင်အုပ်တောတန်း စတဲ့ အာရုံထဲဝင် လာတဲ့ အရာတွေ ကို ဖမ်းယူ သိမ်းဆည်း ပြီး တောင်သမန် Sunset လို့ ခေါင်းစဉ် တပ်ထားပါတယ်.။.......

Free Image Hosting at www.ImageShack.us

AF 75-300 Tele ကိုသုံးပြီး Minolta ရဲ့ portrait mode နဲ့ ညနေခင်းရဲ့ ရွှေအိုရောင် နေခြည်အောက်မှာရှိနေတဲ့ ဒီ subject ကို အင်းရေပြင် နောက်ခံထားပြီး ဦးပိန်တံတား ပေါ်မှ ဆွဲယူ သိမ်းဆည်း ထားပါတယ်.။.......
အင်းသူမ ရဲ့ ပုံရိပ်ဟာ အင်းရေပြင်နဲ့ ပဏ္ဏာရ လှပ ပေမယ့် တစ်နေ ကုန် နေရောင်အောက် က အင်းရေပြင် ထဲမှာ ငါးစာတပ် ငါးဖြုတ် နဲ့ မသက်သာ..လှပါ ဘူး...ဒီပုံ ကိုတော့ Life လို့ ခေါင်းစဉ်တပ် ထားပါတယ်.။.......

Free Image Hosting at www.ImageShack.us

ဦးပိန်တံတား ပေါ်မှာ တစ်ယောက်တည်း ဟိုလျှောက် ဒီလျှောက် လုပ်ရင်း ဆွဲစားဖို့ Subjectပျောက်နေတဲ့ လင်းကို ဆိုတဲ့ကောင်နဲ့ တံတားအောက်က အင်းနုန်းမြေပေါ်မှာ တစ်ယောက်တည်း ဘာတွေမှန်း မသိ ဟိုခြစ် ဒီခြစ် လုပ်နေ တဲ့ ပုဂ္ဂိုလ် တို့ သွားဆုံတော့...ဒီပုံရိပ်လေး filmပေါ်ရောက်သွားတာပေါ့...
AF 75-300 Tele ကိုသုံးပြီး Minolta ရဲ့ portrait mode နဲ့ ကောက်စားထားပါတယ်.။.......
တံတားတိုင်လုံးတွေရဲ့ အရိပ်များကျနေတဲ့ ဂဏန်းခြေရာအပြည့် အင်းနုန်းမြေ ပေါ်မှာ လူတစ်ယောက် ရဲ့ တစ်ကိုယ်တည်း လုပ်ချင်ရာလုပ်နေ တဲ့ ပုံရိပ်ဟာ..ကိုယ်လိုအဖြစ်များလားမသိဘူး.....ခေါင်းစဉ်ကို Lonely လို့ ပေးထားပါတယ်.။.......
Photobucket - Video and Image Hostingလင်းကို


T@g: ,,

Bl0g တစ်ခု အတွက် ကျေးဇူးတင်ခြင်း.......

ဒီနေ့ ဤအချိန် ထိတိုင်အောင် ကျွန်တော့် ၏ လုပ်ချင်ရာ-လုပ်မှုများ အပါအ၀င် ကောင်းခြင်း/ဆိုးခြင်း များအားလုံး လက်ခံနားလည်၍ ထိန်းသိမ်း စောင့်ရှောက်ပံ့ပိုး ပေးခဲ့သော အဘိုး နှင့် အဘွား ၊ အဖေ နဲ့ အမေ...ကျွန်တော့် ၏ ဆရာ... တို့အား ဦးထိပ်ပန်ဆင် ကျေးဇူး တင်ရှိ ပါသည်။....
Bl0g ဖန်တီးခြင်း နှင့် ပတ်သက်၍ Native Myanmar forum တွင် ဆွေးနွေး အကြံပေး နည်းပြပေးခဲ့ကြသော ကိုမောင်လှ၊ကိုမိုးမင်းသား၊ကိုဂျေအယ်လ်၊Kalvin Alexander၊ကိုလင်းဆက်၊Fat Punk ၊ အခြား မြန်မာ-Bl0ggers များ နှင့် Native Myanmar forum အပေါင်းအပါများ...၊ကျွန်တော် လေ့လာခဲ့သော Nyein Chan Bl0g , Mg Zeng Bl0g နှင့် အခြား Bl0ggers များ...၊Bl0g Channels များ ဖန်တီး ခဲ့ကြသော ပုဂ္ဂိုလ်များ အပါအ၀င် အားလုံးကို ကျေးဇူးတင်ရှိပါသည်။.....
အထူးသဖြင့် ကျွန်တော် reference လုပ်ကာ Bl0g Layout Design စဉ်းစားခဲ့သော...၊မြန်မာ Bl0gs များတွင် ကျွန်တော့်၏ ပထမဆုံး စတင်မြင် ခဲ့ရသော...၊C-Box..msg: များဖြင့် အားပေးကူညီခဲ့သော...၊သူ၏Bl0g Posts & Forum Topicsများမှ တဆင့်ကောင်းကျိုးများစွာမျှဝေပေးခဲ့သော ကိုလင်းဆက်အား လှိုက်လှဲစွာကျေးဇူးပါ.။.......

Photobucket - Video and Image Hostingလင်းကို


T@g: ,,

Bl0g တစ်ခု ရေးရခြင်း.......


  • Amateur photographer တစ်ယောက် ၏ မှတ်တမ်းများ သိမ်းဆည်းရန်...
  • စိတ် ၏ အဟာရများ နေရာချရန်...
  • နှလုံးသား တွင် ထင်ဟပ်လာသော ပုံရိပ်များ စုဆောင်းရန်...
  • ရင်မှ ဖြစ်သော လှိုင်းခတ်သံများ ဟစ်ကြွေး မြည်တမ်းရန်...
  • သိုမှီးသင့်သော အကြောင်းအရာများ စုစည်းရန်...
  • အမှတ်တရ အဖြစ်-အပျက်များ ရေးသားရန်...
  • အလွဲများသော ကျွန်တော့် အတွက် ပြန်လည် ဆန်းစစ်ရန်...
* * * စိတ်-နှလုံးသား တွင် နေရာလပ် ကျန်စေရန် ဤနေရာတွင် ရွှေ့ပြောင်း နေရာ ပေးသည် ။.......* * *
Photobucket - Video and Image Hosting လင်းကို


T@g: ,,