Monday, June 12, 2006

My Photographs_2005-Dec_Mdy

တောင်သမန်အင်း မှ ပုံရိပ် တစ်ချို့.......
Minolta-Dynax 500si Super_SLR Camera နဲ့ Fujicolour100-24x36mm Film ကို အသုးံပြုပြီး ရိုက်ထားပါတယ်.......


Free Image Hosting at www.ImageShack.us

AF 28-80 Wide နဲ့ Minolta ရဲ့ landscape mode ကိုသုံးပြီး ဘာ filter မှမခံပဲ ညနေပိုင်း နေမ၀င်ခင် မှာ နေရောင်နဲ့ဆန့်ကျင်ဘက်ဖြစ်လို့ subject မှာ အရိပ်ကျပြီး မည်းကုန်မယ်ဆိုတာသိပေမယ့်...အဲဒါကိုပဲ လိုချင်လို့..မိုက်ကန်းကန်း..ရိုက်ခဲ့တာပါ.။.......
ဘုန်းကြီးတွေ သူတို့ ဘာသာ ဦးပိန်တံတားပေါ်မှာ တောင်လျှောက် မြောက်လျှောက် လုပ်နေတာကိုပဲ ကြိုက်လို့ Decisive Moment လို့ ကိုယ့်ဘာသာ ဆွဲစိကာ..Monks ဆိုပြီး ခေါင်းစဉ် တပ်ထားပါတယ်.။.......
Free Image Hosting at www.ImageShack.us

Banner က ပုံပါ..ဒါကတော့ Cropping မလုပ်ထားတဲ့ နဂိုပုံပါ...AF 28-80 Wide နဲ့ပဲ f-16 ထားပြီး shutter speed ကို ဖြစ်ချင်တာဖြစ် auto ထားကာ သုံးချောင်းထောက် ပေါ်တင်ဆော်ထားတာပါ....၅ကွက်လောက် ဖြုန်းလိုက်တာ ဖင်ပြန်ခေါင်းပြန် ကြည့်ပြီး ဒီတစ်ပုံ ကိုယ့်စိတ်ကြိုက် ကျန်ပါတယ်.။.......
နေ့တစ်နေ့ အတွက် နောက်ဆုံး နေရောင်ခြည် စွမ်းအင် ၊ သစ်ကိုင်းခြောက် တစ်စွန်းတစ်စ ၊ အင်းရေပြင် က ပေးတဲ့ ရောင်ပြန်တွေ ၊ အနားသက်ပေးထားတဲ့ သစ်ပင်အုပ်တောတန်း စတဲ့ အာရုံထဲဝင် လာတဲ့ အရာတွေ ကို ဖမ်းယူ သိမ်းဆည်း ပြီး တောင်သမန် Sunset လို့ ခေါင်းစဉ် တပ်ထားပါတယ်.။.......

Free Image Hosting at www.ImageShack.us

AF 75-300 Tele ကိုသုံးပြီး Minolta ရဲ့ portrait mode နဲ့ ညနေခင်းရဲ့ ရွှေအိုရောင် နေခြည်အောက်မှာရှိနေတဲ့ ဒီ subject ကို အင်းရေပြင် နောက်ခံထားပြီး ဦးပိန်တံတား ပေါ်မှ ဆွဲယူ သိမ်းဆည်း ထားပါတယ်.။.......
အင်းသူမ ရဲ့ ပုံရိပ်ဟာ အင်းရေပြင်နဲ့ ပဏ္ဏာရ လှပ ပေမယ့် တစ်နေ ကုန် နေရောင်အောက် က အင်းရေပြင် ထဲမှာ ငါးစာတပ် ငါးဖြုတ် နဲ့ မသက်သာ..လှပါ ဘူး...ဒီပုံ ကိုတော့ Life လို့ ခေါင်းစဉ်တပ် ထားပါတယ်.။.......

Free Image Hosting at www.ImageShack.us

ဦးပိန်တံတား ပေါ်မှာ တစ်ယောက်တည်း ဟိုလျှောက် ဒီလျှောက် လုပ်ရင်း ဆွဲစားဖို့ Subjectပျောက်နေတဲ့ လင်းကို ဆိုတဲ့ကောင်နဲ့ တံတားအောက်က အင်းနုန်းမြေပေါ်မှာ တစ်ယောက်တည်း ဘာတွေမှန်း မသိ ဟိုခြစ် ဒီခြစ် လုပ်နေ တဲ့ ပုဂ္ဂိုလ် တို့ သွားဆုံတော့...ဒီပုံရိပ်လေး filmပေါ်ရောက်သွားတာပေါ့...
AF 75-300 Tele ကိုသုံးပြီး Minolta ရဲ့ portrait mode နဲ့ ကောက်စားထားပါတယ်.။.......
တံတားတိုင်လုံးတွေရဲ့ အရိပ်များကျနေတဲ့ ဂဏန်းခြေရာအပြည့် အင်းနုန်းမြေ ပေါ်မှာ လူတစ်ယောက် ရဲ့ တစ်ကိုယ်တည်း လုပ်ချင်ရာလုပ်နေ တဲ့ ပုံရိပ်ဟာ..ကိုယ်လိုအဖြစ်များလားမသိဘူး.....ခေါင်းစဉ်ကို Lonely လို့ ပေးထားပါတယ်.။.......
Photobucket - Video and Image Hostingလင်းကို


T@g: ,,