Friday, June 23, 2006

ကိုလင်းဆက် သို့ အိတ်ဖွင့်ပေးစာ

ကိုလင်းဆက်ရေ အိတ်ဖွင့်ပေးစာဆိုပြီး ကြီးကြီးကျယ်ကျယ် လုပ်တာတော့ မဟုတ်ပါခင်ဗျာ.. ကျွှန်တော့် မှာကလည်း မေးစရာတွေ မှများပဗျာ .. ဆရာသမားကိုက မေးစကလဲရှိပြန်.အားကိုးစကလဲရှိပြန်.ဘယ်နားလိုက်မေးရမှန်းကလဲ မသိပြန်.မဆီမဆိုင် ခင်ဗျားရဲ့ new posts တွေမှာ comment ကတဆင့်လဲ မမေးချင်ပြန်.ဆိုလေတော့. ကျွန်တော့် blog ဆီများ မတော်တဆ ရောက်ပြီး မြင်ပါကောင်းရဲ့ ဆိုပြီး post တင်ကာ အမေးအမြန်းထူလိုက်ပါရဲ့ဗျာ....
ဒီနေ့ မမေရဲ့ blog မှ post ကိုဖတ်ပြီး ဦးမောင်ကိုရဲ့ Myanmar Classical Music and Literature Topic ကိုသိခွင့်ရပါတယ် . ဒါနဲ့ပဲ Native Myanmar Forums သို့သွားရောက် download ဆွဲယူ နားထောင်ပြီး.ဦးမောင်ကိုရဲ့ posts တွေကိုလေ့လာဖတ်ရှု လုပ်ခဲ့ပါတယ်..ဒါနဲ့ တင် အာသာမပြေပဲ.အဲဒီ အကြောင်းကို post တင်.အဲဒီ Topic ရဲ့ link ကိုပါ post မှာ သုံးချင်စိတ်တွေ တစ်အားပေါ်လာပြီး ဦးမောင်ကို ဆီကို request လုပ်ဖို့ကြိုးစားပေမယ့် ကျွန်တော့် Native Myanmar's member account ကို login လုပ်တော့ . Sorry, but your password cannot be retrieved because your account is currently inactive. Please contact the forum administrator for more information. အဲဒီလို ပြဿနာရှိနေတော့ လုပ်ခွင့်မရ ခဲ့ပါဘူး..Forums Rules နဲ့ ငြိလား . ကျွှန်တော့်ရဲ့ အလွဲတစ်ခုခုကြောင့်လားတော့မသိပါ . အဲဒီ ကိစ္စကိုတော့ နောက်ရက်တွေမှာ ဖြေရှင်းမှာပါ..
ဒီ့ပြင် နည်းလမ်း တစ်ခုခုနဲ့ share ပေးရင်လည်းဖြစ်ပေမယ့်.ဦးမောင်ကိုရဲ့ song links များ နှင့်အတူပါရှိတဲ့ comments တွေကိုပါ မူရင်း posts များအတိုင်း အပေါင်းအသင်းများကို သိစေဖတ်စေချင်. နားထောင်စေချင်တဲ့ ဆန္ဒတွေနဲ့အတူ.အဲဒီ Topic ကို ဇွတ်အတင်းပဲ post မှာ link ချိတ်လိုက်ပါပြီ ..
ဒီလို အပြုအမူ ဟာ Blogger Ethics ကို ထိခိုက်စေပါသလားဗျာ .. Blogger Ethics များကို ကျွှန်တော် သိလို ပါတယ် ခင်ဗျာ .. ကျေးဇူးပြု၍ အသိပေးစေလိုပါတယ် ခင်ဗျာ ...
အကယ်လို့များ ကျွှန်တော့် အပြုအမူကြောင့် ဦးမောင်ကို မှာ တစ်စုံတစ်ရာ စိတ်အနှောင့်အယှက် ဖြစ်ပေါ်ခဲ့ရင်လည်း Native Myanmar မှ ကျွှန်တော့် account သုံးရသွားသောအခါ pm ဖြင့် ရိုသေစွာ တောင်းပန်ရန် အသင့်ပါ ခင်ဗျာ ..
တစ်ဆက်တည်းပဲ ကိုလင်းဆက်ရဲ့ email adress ကိုသိလိုပါတယ် .. ကျွှန်တော့် mail adress - linko.a@gmail.com မှတဆင့် ပေးစေလိုပါတယ်.ယခင်တုန်းက မတောင်းဖြစ်တာကတော့ ကျွှန်တော့် အကျိုးတစ်ခုတည်းနှင့် ခင်ဗျား mail box မှာ နေရာမရှုပ်စေချင်လို့ပါ.ယခု လက်တလောတော့ ဒီနည်းသာရှိသောကြောင့် တောင်းဆိုတာပါ ...
အကယ်၍များ အကြောင်းကြောင်း ကြောင့် မဖြစ်နိုင်ပါကလည်း ကိုလင်းဆက်အပေါ် ကျွှန်တော် စိတ်အနှောင့်အယှက် မဖြစ်ပါ ခင်ဗျာ .. အရာရာတိုင်းအတွက်ကျေးဇူးတင်လျက်ပါ.. ကိုလင်းဆက် စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း များနှင့် ပြည့်စုံပါစေဗျာ .....

လင်းကို

T@g: ,,