Friday, July 28, 2006

ကျေးဇူးအထူးတင်ရှိခြင်း






ပြီးခဲ့သောစနေနေ့က ရွက်နုဝေမဂ္ဂဇင်းမှ အယ်ဒီတာဆရာဦးမော်လင်းထံ အကူအညီတစ်ခု မေတ္တာရပ်ခံခဲ့ပါ တယ်၊ ကိစ္စကတော့ဆရာတို့မဂ္ဂဇင်းမှစာများကို ကျွန်တော့်blogမှာသိမ်းဆည်း မှတ်သားချင်လို့ပါ၊ ရွက်နုဝေ မဂ္ဂဇင်းဟာ ကျွန်တော်အမြဲဖတ်ရှုမှတ်သားနေတဲ့ မဂ္ဂဇင်းဖြစ်ပါ တယ်၊ ကျွန်တော်လေးစားရသော ဆရာများရဲ့ စာများကို ကျွန်တော့်blogမှာ လွယ်လွယ်လေး ကူးယူသိမ်းဆည်းဖော်ပြဖို့ ကျွန်တော့် စိတ်ဝိဥာဉ်ကမစွမ်းပါဘူးခင်ဗျာ။ ကျွန်တော့်blogမှာ ကူးယူဖော်ပြခြင်းရဲ့ရည်ရွယ်ချက်ကလဲ အဝေးမှာရောက်နေတဲ့ အကြောင်းကြောင်းကြောင့် အလှမ်းဝေးသွားခဲ့ရတဲ့ သူငယ်ချင်းများ၊ ၀ါသနာတူ ညီအကို မောင်နှမများ၊ မိတ်ဆွေအပေါင်း အသင်းများ၊ ကျွန်တော်ကိုယ်တိုင်အပါအ၀င် အားလုံးသောသူများအတွက် ကောင်းကျိုးဆန္ဒနဲ့ မေတ္တာဖြင့်လုပ်ဆောင်ရ ခြင်းဖြစ်ပါတယ်၊
ကျွန်တော့်တစ်ယောက်တည်း ပုဂ္ဂလိကခံစားချက်သက်သက် လုပ်ဆောင်တာဖြစ်သောကြောင့် ဘာအကျိုး စီးပွားရည်ရွယ်ချက်မှ မပါသလို ကျွန်တော်နှစ်သက်သော၊ မြတ်နိုးသော၊ တန်ဖိုး ထား လေးစားသောစာတွေကို ကျွန်တော့်တစ်ယောက်တည်း ကြိုးစားသိမ်းဆည်းခြင်းလည်း ဖြစ်ပါတယ်၊ ကျွန်တော်လုပ်ဆောင်လိုတဲ့ ဆန္ဒတွေ ကို ဆရာဦးမော်လင်းကို လေးလေးစားစား မေတ္တာရပ်ခံခွင့်တောင်းတော့ဆရာကသေသေချာချာဆွေးနွေးမေးမြန်းပြီးကူညီမည့်အကြောင်း၊ စာတစ်ပုဒ်တင်မယ် စိတ်ကူးတိုင်း ကြိုတင်အသိပေးရန်ပြောကြားပြီး ခွင့်ပြုခဲ့ပါတယ်၊ အတိုင်း မသိအောင်ကို ကျွန်တော်ဝမ်း သာကြည်နူးခဲ့ရပါတယ်။
ရွက်နုဝေမဂ္ဂဇင်းဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးခဲ့ကြသော ဆရာ ဆရာမများ၊ စာမျက်နှာ များမှတဆင့် အသိပညာအတတ်ပညာရပ်များ၊ အတွေးအခေါ်အယူအဆများ၊ စာပေ ရသများ နှင့် ကောင်းကျိုးကျေးဇူးများစွာ ကိုလမ်းညွှန်ပြသဝေမျှပေးခဲ့ကြသော ဆရာ ဆရာမများကို ဂါရ၀တရားရှေ့ထားပြီး ကျေးဇူးအထူးတင်ရှိကြောင်း ပြောပါရစေ ခင်ဗျာ .......
လင်းကို

Labels: ,