Monday, July 17, 2006

Wedding (2005-2006)

ကျွန်တော် ငယ်စဉ်က မင်္ဂလာဆောင် ဧည့်ခံပွဲတွေ သွားရတာ တော်တော်စိတ်ပျက်ပါတယ်.အဖိုး နဲ့ အဖွားက သွားလေရာ ခေါ်လေတော့ ကျွန်တော့်မှာ တော်တော်ဒုက္ခရောက်ပါတယ်.ကျွန်တော့်အတွက် စိတ်ပျက်စေတဲ့ ကိစ္စတွေကတော့ ကိန်းခန်းသိပ်ကြီးပြီး သိပ်အပိုတွေထည့်သွင်းလေ့ရှိတဲ့ ဧည့်ခံပွဲတစ်ချို့ပါ.ပုံမှန်ဧည့်ခံပွဲတွေမှာလည်း လေရှည်လွန်းသော သြဘာစာဖတ်ကြားတဲ့ အခမ်းအနားမှုးပါတဲ့ပွဲတွေ.အသံသိပ်ကောင်းပြီးစူးရှလှတဲ့ မမေဆွိတို့ မနီနီဝင်းရွှေတို့သီဆိုဖျော်ဖြေတဲ့ပွဲတွေဟာလည်း ကျွန်တော့်ရဲ့ မသိတတ်သေးသော ငယ်စဉ်ဘ၀ စိတ်ညစ်စရာ အခမ်းအနားများပါပဲ...
ဒီလိုနဲ့ပဲ အတန်းကြီးလာတော့ ဒီကိစ္စတွေမှ အလိုလိုကင်းဝေးသွားပါတော့တယ်.အဲဒီအချိန်တွေကနေ နောက်ပိုင်းသွားဖြစ်ခဲ့တာတွေကတော့ အကို အမတွေနဲ့ ဆွေမျိုးအရင်းအချာတွေရဲ့ဧည့်ခံပွဲတွေ၊ သူငယ်ချင်းများနဲ့ ပါတ်သက်သောသူတစ်ချို့ရဲ့ ဧည့်ခံပွဲတွေ၊ ဆရာ ဆရာမများနဲ့ ပါတ်သက်ရာပါတ်သက်ကြောင်း ဧည့်ခံပွဲတစ်ချို့ . ဒီလောက်ပဲ ရောက်ဖြစ်သွားဖြစ်ခဲ့ပြီး မှတ်မှတ်ရရလည်း သိပ်မရှိခဲ့ပါဘူး.အသက်အရွယ်ကလည်းငယ်သေးတော့ အလေးအနက်ထားရမယ့် လူမှုရေးတာဝန်တွေနဲ့ တော်တော်ဝေးနေပါသေးတယ်.
ဒီလိုနဲ့ပဲ လွန်ခဲ့တဲ့ ၆နှစ်ခန့်ကစပြီး မင်္ဂလာဆောင်ဧည့်ခံပွဲတွေနဲ့ ပါတ်သက်လို့ လူမှုရေးတာဝန်တွေ တဖြည်းဖြည်းနားလည်လာသလို တာဝန်လည်းစယူလာရပါပြီ.ဖိတ်စာတွေမှာ ကိုယ့်နာမည်ကို သီးသန့်တပ်ဖိတ်လာသလို မသွားမဖြစ်သွားရမယ်ဆိုတဲ့ အသိကလည်းကိန်းအောင်းနေပါပြီ.သြဘာစာဖတ်ကြားတဲ့ အခန်းအနားမှုးလူကြီးမင်းများရဲ့ စကားများကို အလေးထားတတ်လာသလို မမေဆွိတို့ဆိုခဲ့တဲ့သီချင်းများကိုလည်း အမှတ်တရ ဖြစ်တတ်လာပါပြီ.မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများ၊ ဆွေမျိုးညီအစ်ကို မောင်နှမများ၊ ပါတ်သက်ရာပါတ်သက်ကြောင်းများရဲ့ နေရာစုံ အခြေအနေစုံမှာ ကျင်းပခဲ့ကြတဲ့ ထိမ်းမြားမင်္ဂလာလက်ထပ်ပွဲ အခမ်းအနားတွေကို ၀ါလကင်းလွတ် သီတင်းကျွတ်မှသည် ၀ါမ၀င်မှီ ၀ါဆိုလမရောက်မီထိ တက်ရောက်ဖြစ်ခဲ့သလို အမှတ်တရ လည်းဖြစ်မိပါတယ်...
အပျော်ဆုံး အမှတ်တရ အဖြစ်ဆုံး မင်္ဂလာ အခမ်းအနားတွေကတော့ သူငယ်ချင်းများရဲ့ မင်္ဂလာအခမ်းအနားများပါ.အထူးသဖြင့် သူငယ်ချင်းချစ်သူ စုံတွဲတို့ရဲ့ မင်္ဂလာအခမ်းအနားတွေကတော့ ကြည်နူးမှုအရဆုံး၊ အချမ်းမြေ့ဆုံး၊ အမှတ်တရ အရှိဆုံး အချိန်တွေအဖြစ် ထာဝရ တည်နေမှာပါ.တစ်နှစ်မှာ သူငယ်ချင်းချစ်သူစုံတွဲ တစ်တွဲလောက်တော့ အနည်းဆုံး ကြုံရ တက်ရောက်ခဲ့ရသလို. အခု (၀၅-၀၆) မှာတော့ ကျွန်တော့် ချစ်သူငယ်ချင်းကြီး ကိုငယ် နဲ့ ချစ်သူငယ်ချင်း ကျော်ကြီး တို့ရဲ့ (၄.၂.၂၀၀၆) မှာ ကျင်းပခဲ့တဲ့ မင်္ဂလာအခမ်းအနားဟာ အမှတ်တရ သူငယ်ချင်းချစ်သူတို့ရဲ့ လက်ထပ်မင်္ဂလာပါ.....


လင်းကို