Friday, June 23, 2006

Myanmar Classical Music and Literature

မမေ ရဲ့ may11 blog မှ post ရဲ့ ကောင်းမှုကြောင့် ကနေ့မှ Myanmar Classical Music and Literature ဆိုတဲ့ ဦးမောင်ကို ရဲ့ Topic ကို Native Myanmar Forums မှာ တွေ့ရှိ လေ့လာဖတ်ရှုပြီး သီချင်းကောင်း သီချင်းခန့်တွေကို ဆွဲယူ နားထောင်ဖြစ်ပါတယ်....တစ်ကယ့်ကို ရှားပါး အဖိုးတန်တွေပါ ...
Here i will gave download links to Myanmar Classical Music as well as Myanmar so called old music. ဆိုတဲ့ Topic ရှင်ရဲ့ နိဒါန်း နဲ့အစပြုလို့ . သီချင်း links များ ကို သူ့ရဲ့ မှတ်သားဖွယ် comments များနဲ့ အတူ တစ်ပုဒ်ချင်းဆီ posts များတင်ထားပါတယ် ...
ဝင်ရောက်တောင်းဆို ဆွေးနေွးကြတဲ့
Native Myanmar Forums ၀ိုင်းတော်သားများရဲ့ posts များအပါအ၀င် စာမျက်နှာ ၇ မျက်နှာ မှာ သီချင်းပေါင်းမြောက်များစွာနဲ့ comments ပေါင်းမြောက်များစွာ ပါဝင်ပါတယ် .. နောက်ထပ်လည်းဆက်လက်ချီတက်ဦးမယ်လို့ မြင်မိပါတယ် ..
အလွန်ကို တန်ဖိုးရှိလှတဲ့ Topic လေးပါ.ဦးမောင်ကိုရဲ့ ရည်ရွယ်ချက် နဲ့ စေတနာဟာ လေးစားစရာပါဗျာ .. ဒီလို Topic ကောင်းပေါင်း မြောက်များစွာပါဝင်တဲ့ Native Myanmar Forums ဟာလည်း တစ်ကယ့်ကို ရွှေစစ်စစ်ပါပဲ ...
ကျွန်တော်လည်း မြန်မာ သီချင်းစစ်များ နှစ်သက်သလို ..ဒီလိုအင်မတန်ကောင်းတဲ့ မြန်မာ သံစဉ် စစ်တွေကို သိပ်ကြိုက်ပြီး .. အခုအချိန်မှာ မြန်မာ့ အသံ နဲ့ ရုပ်မြင်သံကြားက ထုတ်လွှင့်တိုင်းစောင့်နားထောင်ရင်း သူတို့တုန်းကဖြင့် ဘယ်သူက ဘယ်လိုဆိုပြီး ဘယ်လိုဖြင့်ကောင်းလိုက်တာရယ်လို့ ပြောရင်း နောက်ကြောင်း ပြန်တတ်တဲ့ အဖိုး နဲ့ အဖွား ကို သတိရပြီး .. အော် ငါ့ အဖိုး နဲ့ အဖွား မှာ ဒီလောက်စုံအောင် အခုတော့ လက်ထဲ မရှိရှာတော့လို့ ဒီ သီချင်းတွေက်ု CD ရိုက်ပြီးပေးရင်သိပ်ဝမ်းသာရှာမှာပဲ ဆိုပြီး သွားစရာရှိတဲ့ အလုပ် ကိစ္စ ကို ဖျက်ပြီး တစ်နေကုန်ဆွဲချ ပါတယ် ..ဒါပေမယ့်လဲ..စာမျက်နှာ နှစ်ရွက်မှာတင်ပါတဲ့ သီချင်းများတင် တစ်နေ့တာ ကုန်သွားပါတယ် ...Native Myanmar Forums က ဦးမောင်ကိုရဲ့ join date ကိုကြည့်တော့ 8,Jan,06 လို့သိရပါတယ်. အဲဒီထဲက မသိပဲ အခုမှ သိရလို့ ၀မ်းနည်းမိပါတယ် ...
နောက်ရက်တွေမှာတော့ အလုပ်ကိစ္စ တွေနဲ့ ချာလည်ရိုက်ရင်း online ရောက်မှ ဆွဲချ နိုင်မှာမို့ ၆ရက်လောက်တော့ ဆွဲရမယ်တူပါတယ် . ကျွှန်တော့် Broad-band ကလည်း tower နဲ့ လမ်းမသင့်လို့ သူများတွေလောက် မမြန်တော့.အဲဒီလောက်သွားမှာပါပဲ.လောလောဆယ် ဆွဲပြီးတဲ့ ၂၃ပုဒ်ကိုပဲ မနက်ဖြန် သွာပေးရတော့မှာပါပဲ...
အဖွားသာ ရရင်ဝမ်းသာပြီး အကျိုးကြောင်း သိလို့ကတော့ ဦးမောင်ကို အတော်လေးကို ကျေးဇူးတင်ရှာမှာပါ. .အဖိုးကတော့ လက်ရှိအချိန်မှာ World Cup ကလွဲလို့ ဘယ်အရာမှ သူ့ကို ဆွဲဆောင်နိုင် တော့မယ် မထင် တော့ပါဘူး..ကျွန်တော်ကလည်း ဦးမောင်ကို အား အလေးအနက်ထားပြီးလေးစားစွာကျေးဇူးတင်ပါတယ်ခင်ဗျာ...
ခွင့်တောင်းခွင့်မရခဲ့လို့ ကိုယ့်သဘောနဲ့ကို share ပေးမိတာကိုလည်း နားလည်နိုင်ပါစေလို့ ဆုတောင်း ပါတယ် ခင်ဗျာ .....

ကဲ ... ငါအတင်း ကြည့်ခိုင်းလို့ အလုပ်တွေများတဲ့ ကြားထဲက လာပြီး ကြည့်နေရတဲ့ ချစ်သူငယ်ချင်း အပေါင်း အသင်းတို့ရေ..ဒီ Myanmar Classical Music and Literature Topic ဆိုတဲ့ link ကို Native Myanmar Forums မှာ သွားဖတ် ကြည့်ကြပါဦးကွာ.ရှားပါး မြန်မာသံစဉ်စစ်စစ်တွေပါ..ငါ့လိုပဲ မင်းတို့လဲ နားထောင်ပြီး ပေးသင့်သူကိုပေး.နိုင်တာပေါ့..သီချင်းတိုင်း download မဆွဲ ဖြစ်သေးရင်တောင် ..ကိုတင်ရီ ရဲ့ သီိချင်းတွေ အရင်ဆွဲပြီး နားထောင်ကြပေါ့...
တစ်ခါတုန်းက ငါ့ကို တစ်ကယ် မျက်ရည်ကျ အောင် မျက်ရည်များနဲ့ တယောထိုးရင်း ငါ့အာရုံတွေကို ဖမ်းစား သွားတဲ့ .. ငါ အစ်ကိုလိုချစ်ခင်ရတဲ့ လူတစ်ယောက်ကို မကွယ်လွန်မှီအထိ သူ့နာမည် တစ်ဖွဖွ တမ်းတ သွားစေ ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပါ .. မင်းတို့လည်းသိပြီး ကြိုက်ခဲ့ပြီး ဖြစ်မှာပါ..အပြင်ရောက်နေလို့ သူ့သီချင်းတွေ မပါသွားဘူး ဆိုရင်တော့ .. ဦးမောင်ကို ..ကိုကျေးဇူး အမြန်တင်လိုက်ပေတော့ .....သူရေးထားသလို လက်ကိုင်ပ၀ါတော့ ဆောင်ထားပေါ့ .....
တောင်ငူက အပေါင်းအသင်းတွေ ရေ...မင်းတို့ကတော့ ပြည်လှဖေ ရဲ့ နတ်ရှင်နောင်ကို အရင် ဆွဲချမှာ ငါသိနေပါတယ်....မြန်မာပြည်မှာတောင် ရှာရခက်တဲ့ တစ်ကယ့် ရှားပါး ပါပဲ.....

လင်းကို

T@g: ,,