Monday, July 31, 2006

Collection


ကတ်တလက် နှင့် မျောက်သုံးကောင်

ခင်..ရေ ဟောဒီမှာ သတင်းစာ ဆရာကလေးလာနေတယ်ဟေ့
အင်္ဂလိပ်လဆန်း ၃ရက်နေ့ နှင့် ၇ ရက်နေ့အကြား တစ်နေ့နေ့၏ နံနက်ပိုင်းတွင် ဤစကားတစ်ခွန်းသည် ကျွန်တော်၏ ပါးစပ်မှ ထွက်ပေါ်လာရစမြဲဖြစ်သော စကားတစ်ခွန်းပင်ဖြစ်ပါသည်။.........

မျောက်သုံးကောင်တို့မှာကား စာဖတ်သူတို့ နှင့် ကျွန်တော်စိတ်ကူးပေါက်သည့် အခါများတွင် တွေ့ဆုံ၍ ပေးလေ့ရှိသော ကျွန်တော့်သားသမီးကလေးများပင် ဖြစ်ကြပါသည်။.........

မခြူး
..ခြူးပိုက်ဆံ မျက်နှာနှင့်တူသော မျက်နှာဝိုင်းကလေးနှင့် မခြူးသည် ကေဂျီ ခေါ် သူငယ်တန်း အထက်ပိုင်းသို့ရောက်၍ ကျောင်းမှန်မှန်သွားနေသော ကျောင်းသူကြီးဖြစ်၍နေလေပြီ။ သတင်းစာကိုပင် ကောင်းကောင်းကြီး ဒေါင်းဒေါင်းပြေးအောင် ဖတ်တတ်နေ၏။ ရေဒီယိုမှလာသော သီချင်းမှန်သမျှကိုလည်း စည်းချက် ၀ါးချက်ကျကျ ဆိုတတ်ပြီ၊ စကားလည်း တတ်လှပြီ၊.........

ကိုလေးသောင်းကျန်း ..သူကတော့ တကယ်နိုင်ငံရေးသမားလုပ်ဖို့ကောင်းသောသူပင်ဖြစ်သည်။ သတင်းစာ ဆရာကလေးလာသော အချိန်၌ များသောအားဖြင့် ကိုလေးသောင်းကျန်းသည် နောက်ဖေးဆောင်တွင် ဘောလုံးတစ်လုံး နှင့် မီးပွင့်အောင်ဆော့၍ နေတတ်သည်။.........

ကိုလေးကြွက်ဖြူ ..အစ်ကိုလုပ်သမျှကို အားလုံးအတုခိုးသည်။ သူတစ်လုံးစနှစ်လုံးစ ပြောတတ်သောစကား ကလေးများမှာ ကိုလေးသောင်းကျန်းထံကရသော စကားလုံးကလေးတွေ ဖြစ်လေသည်။

အဲသည် မျောက်သုံးကောင်တို့သည် သူတို့အမေ ချက်ရေးပြုတ်ရေး စတင်တော့မည့် အချိန်လောက်တွင် နောက်ဖေးဆောင်သို့ လုံး၍ ၀င်ကြတော့သည်။.........(အပြည့်အစုံ ဖတ်ရန်)

  • ၂၀၀၆၊ဇူလိုင်လ ထုတ် ရွက်နုဝေ မဂ္ဂဇင်းမှ ဆရာဦးတင့်တယ် ရဲ့ ကတ်တလက် နှင့် မျောက်သုံးကောင် ကို ပထမဆုံး စပြီး blog မှာတင်ပါတယ်ခင်ဗျာ...
  • ဇနီးမယားနဲ့သားသမီးတွေရဲ့ တစ်နေ့တာ အဖြစ်အပျက်လှုပ်ရှားမှု အပြုအမူလေးတွေကို ကြည့်ငေးရင်း ကြည်နူးချမ်းမြေ့နေတဲ့ ဖခင်တစ်ယောက်ရဲ့ပီတိလွှမ်းနေတဲ့ အပြုံးလေးတွေကို မြင်ယောင်ရင်း စိတ်ချမ်း မြေ့ ရပါတယ်.ကျွန်တော် နှစ်သက်တဲ့ သာယာသော အိမ်ထောင်ရေးဘ၀ပုံစံလေးတစ်ခုပါ.....
  • ပွစိပွစိလုပ်လိုက်၊အော်ရယ်လိုက်နဲ့စာတွေအားလုံးပြီးအောင်တော့ရိုက်ပေးသွားတဲ့ မခင် နဲ့ဘာမှကို အသံမထွက်ပဲ ရိုက်ခိုင်း သမျှ ရိုက်ပေး တဲ့ မမိုးကို ကျေးဇူးတင်ပါတယ်၊
လင်းကို

Labels: ,