Wednesday, July 05, 2006

4,July,06.

ဒီနေ့ .....
ငါ၏ စိတ် ငါ့နလုံးသားသို့
ချိုမြိန်သော စကားသံ
အက်ဆစ်အဖြစ် ဓာတ်ပြောင်းသွားပြီ ...
ငါမသိသော နိယာမတရား
လုပ်ဆောင်ချက်မရှိ ဖြစ်ပေါ်မှု
ဒါပေမယ့် သက်ရောက်လိုက်ပြီ
နှလုံးသားသို့ နားစည်မှသည်...
ဖန်တီးမှု တစ်ခုထဲ
နစ်မျောနေတဲ့ စိတ်အလျဉ်
စိတ်ကူးမျက်နှာကျက်ဆီက
ကပ်နေတဲ့ လမိုင်းတွေ ..
အားလုံးပျော်ဝင် လွင့်ပျောက်ကုန်ပြီ ...
ဒီမှာ ငြိမ်နေတဲ့ ရုပ်ခန္ဓာ
ဟိုဆီမှာ မျောလွင့်နေ
စိတ်အပိုင်းအစတို့ ဦးတည်ချက်မရှိသော
ဒြပ်မဲ့နေ့ .......
လင်းကို