Friday, July 07, 2006

My Photographs_2005-2006_Mdy

ကြည်နူးစဖွယ် ပုံရိပ် တစ်ချို့.......

ကျွန်တော် ရိုက်ကူးထားတဲ့ ကလေးငယ်များရဲ့ ပုံရိပ်များထဲမှ တစ်ချို့ပါ...ဆော့ကစားနေတဲ့
လှုပ်ရှားမှုများ နဲ့ အပြုံးလေးမျာ
း ကို ပုံရိပ်ဖမ်းထားပါတယ်...
Minolta-Dynax 500si Super_SLR Camera
နဲ့ Fujicolour100-24x36mm Film ကို အသုးံပြုပြီး ရိုက်ထားပါတယ်.......














ဒီကလေး ရဲ့ မျက်နှာထားဟာ အလွန် ချိုပါတယ် . ကျွန်တော် သဘောကျလို့ ခွင့်တောင်းပြီး ရိုက်ထားတာပါ.သူနေပေးတဲ့ pose လေးက သူ့ကိုယ်ပိုင်လေးပေါ့ . အလွန် ဟန်ကျလှတဲ့ ချစ်စရာ ချာတိတ်လေးပါ...
ကျွန်တော် ငယ်စဉ်က အလွန် မှုန်တေတေ နိုင်လို့ လူမှန်းမသိမှီ အဖေ ရိုက်ပေးထားတဲ့ ပုံများမှလွဲလို့ ပြုံးပြုံးချိုချို တစ်ပုံမှ မရှိပါ . အခု အရွယ်မှာတော့ မျက်နှာထားချိုတဲ့ ကလေးများရဲ့ ဓာတ်ပုံများကို မြင်တိုင်း ငယ်စဉ်က မိမိ ကို ဓာတ်ပုံ ရိုက်ခဲ့ကြ သူများကို အားနာစိတ်တွေ ၀င်လာရပါတယ်.....




























AF 75-300mm Tele နဲ့ Focus ကို Manual အသေဖမ်း Auto Exposure Bracketing ထားပြီး ပင့်ပေးမယ့် ကလေး ရေထဲက စထွက်ချိန်မှာ စတင် မောင်းဖြုတ်ပါတယ် . အားလုံး ၅ကွက်ရိုက်ပြီး ဒီနှစ်ကွက် ကိုကြိုက်ပါတယ် .....


























အပူအပင်ကင်းစွာ လွတ်လပ်ပျော်ရွှင် ဆော့ကစားနေတဲ့ ကလေးငယ်များရဲ့ လှုပ်ရှားမှုလေးတွေ၊ ကြည်စင်တဲ့ အပြုံးလေးတွေ ကိုမြင်ရတာ စိတ်ကို ရွှင်လန်းပေါ့ပါးစေပါတယ် . သူတို့လေးတွေကို ငေးကြည့် နေစဉ်မှာရော၊ ရိုက်ကူးစဉ် မှာပါ သူတို့ဆီက လွတ်လပ်ပျော်ရွှင်မှု တွေဟာ ကျွန်တော့် စိတ်နှလုံးကို ကူးစက်ခံစားရပါတယ်...

















T@g: ,,