Monday, August 14, 2006

My Grand-Pa's BirthDay (11,August,2006.)



































အဲဒီနေ့က ကျွန်တော့် အဘိုး အသက် ၇၃ နှစ်ပြည့်ပါတယ်။ အမေ့ဝမ်း ကြာတိုက်မှာ ကျွန်တော် သန္ဒေတည်စဉ်
ကနေစလို့ အဘိုး၊အဘွားတို့ရဲ့ မေတ္တာငွေ့များနဲ့ လွှမ်းခြုံရင်း...လူရယ်ဖြစ်တည်းက အဖေနဲ့အမေတို့ထက် အဘိုးနဲ့အဘွားရဲ့လက်ပေါ်မှာ
ကျွန်တော်အနေများပြီး ကြီးပြင်း အရွယ်ရောက်လာခဲ့ပါတယ်.....
အဘိုး ညွှန်ပြသော လမ်းတွေ၊ အဘွား ကြင်နာတဲ့ ယုယမှုတွေနဲ့အတူ ယနေ့ထိ ကျွန်တော့်ခြေတစ်ဖက်က ကိုယ့်ယုံကြည်မှုအပေါ်အားပြုလို့
ကျန်သောတစ်ဖက်က အဘိုး၊အဘွားနဲ့ အဖေ၊အမေတို့ရဲ့ မေတ္တာတရားပေါ် ကျားကန်ရင်း ဟန်ချက်ညီအောင်ထိန်းမတ်ပြီး နေ့သစ်တွေအတွက်
ကြိုးစားလျှောက်လှမ်း နေရမြဲပါ.....
ကျွန်တော့် ဘ၀ရဲ့ ကံကောင်းခြင်းတွေထဲက အမက်မောဆုံး ကံကောင်းခြင်းကတော့ ယခုချိန်ထိ ကျန်းမာရေး သိပ်ကောင်းပြီး စိတ်သွားတိုင်း
ကိုယ်လိုက်နိုင်နေတဲ့ အဘိုး၊အဘွားတွေ ပိုင်ဆိုင်ရခြင်းပါ။ အချိန် နဲ့ စည်းကမ်း သတ်မှတ်လို့ နေ၊အိပ်၊စားတတ်တဲ့ အဘိုး၊အဘွားတွေရဲ့ ဖြတ်သန်းမှုတွေနဲ့
အမြဲအံလွဲနေတဲ့ ကျွန်တော်ကတော့ လွဲပြီးရင်း လွဲလို့ ပါပဲ.......
အဘိုးနဲ့အဘွား အိမ်ထောင်ပြုစ တောင်ကြီးမှာ နေခဲ့တဲ့ နှစ်တွေဆီက ရိုက်ထားတဲ့ ပုံတွေထဲက ၃ပုံလောက် အမှတ်တရတင်ပြီး
ဆက်မရေးပဲ...အဘိုးမွေးနေ့မှနေ နောက်တစ်လအကြာအခုချိန်မှာဆက်ရေးလိုက်ပါတယ်.....ကျွန်တော့် လွဲချော်မှုများထဲက နောက်တစ်ခုအဖြစ်
ကျွန်တော်မသိအောင် ထပ်ပြီးအားရပါးရ ရယ်မောရင်း...အဘိုး ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ.........

လင်းကို

Labels: ,