Wednesday, June 20, 2007

Amazing in my Gtalk !







































တစ်ခါမှ ဒါမျိုး မဖြစ်ဖူးပါဘူးဗျာ။ဘာတွေဖြစ်ကုန်လဲ မသိပါဘူး။သူငယ်ချင်းကို မေးစရာရှိတုန်း သူလဲ Gtalk မှာရှိနေလို့လှမ်းမေးပါတယ်။ကိုယ် စာရိုက်တဲ့အတိုင်း reply ပြန်လာနေတယ်။
ပထမတော့ နောက်တယ်ထင်တာပဲ။ ဒါပေမယ့် reply ကသိပ်မြန်နေလို့ တစ်ခုခုတော့ရှုပ်ကုန်တယ်ထင်တာနဲ့ signout လုပ်ပြီးပြန်ဝင်တော့လည်းမရ၊ block ပြီး unblock တော့လည်းမထူး ဖြစ်နေတာနဲ့ စဉ်းစားမတတ်ဖြစ်တော့တာပဲ။တစ်ခါမှတော့ ဒါမျိုး မကြုံသေးဘူး။ဒါမျိုးလည်း ဖြစ်တတ်လားမသိပါဘူးဗျာ။ ;'(
screen shoot ဖမ်းဆွဲပြီး မနက်မှပဲ သူငယ်ချင်းကို ဖုန်းဆက်မေးတော့မယ်။ အဆန်းပါပဲလား။ကိုယ်ပဲ မသိလို့ဆန်းတာလားမသိပါဘူး။ တစ်နေ့ကမှ blog မှာ post တွေ ပြန်စရေုးဖြစ်ပါတယ်။ ဒီနေ့ ပြောစရာဖြစ်ပြီ။ တစ်ခုခု တော့ လွဲနေပြီထင်ပါရဲ့။ဘာလွဲမှန်းသာ မသိတာ။
ဒီ post ကိုဖတ်မိတဲ့ ပုဂ္ဂိုလ်တွေရော ဒါမျိုးဖြစ်ဖူးလားဗျာ။ကြုံဖူးရင်တော့ ကျွန်တော့်ကို ကူညီ ကြပါ ခင်ဗျာ။ကျေးဇူးတင်ပါတယ်။
ကျွန်တော့်အတွက်တော့ အမှတ်တရ post တစ်ခုပေါ့လေ။

လင်းကို

Labels: , ,