Monday, June 25, 2007

Music

လရောင်ဝေး
Cindy & GyoGyar

နွေညရက်ရှည် တစ်ယောက်တည်းပဲ
တမ်းတမှုက မီးတောက်တစ်ခုကွယ် အချစ်ဆုံးရယ် ...
ဘ၀လေး ဆွေးငိုနေတုန်းကွယ်
လှလှပပ ဖျားတတ်ခဲ့ပြီ ကဗျာလေးရယ် ...
အထီးကျန် ဆည်းဆာချိန်များ တိုးဝင်မိုးတိမ်တိုက်များ
ရင်ခုန်သံ မမှန်ပါတယ်
ဒါတွေ မင်းမသိတတ်တော့ကွယ်

ကာရန်မဲ့ညတွေ မှောင်လွန်းတယ်
မင်းရဲ့လက်နဲ့ တွန်းဖွင့်လိုက်ပါ အချစ်ဆုံးရယ် ...
အိပ်မက်သစ်တွေ ကုန်ခန်းတယ်.....
တိုးတိုးတိတ်တိတ် မင်းပို့လိုက်တာ သိပ်လွမ်းတယ် ...
မင်းပုံရိပ် ခြေသံများ လိပ်ပြာလေးတွေရဲ့ကြား
ကိုယ်မြင်နေသလိုပဲ
ဒါတွေ မင်းမသိတတ်တော့ကွယ်.....

ကိုယ် ကြေကွဲရင်းနဲ့
လရောင်ဝေး ...
ကိုယ် မျှော်လင့်ထားရင်းလည်း
လရောင်ဝေး....
နှလုံးသား ဆောင်းကြိုးညှိ ရာသီတွေ
ရေတွက်ထားရင်း အသက်ရှင်နေ
... ... ... ... ... ... ... ... ......
ကြင်နာသူလေးရေ ....


powered by ODEO


* လရောင်ဝေးနေသူ တစ်ယောက်အတွက်ကတော့ ရာသီတိုင်းဟာ ညတာရှည်နေသလို တမ်းတမှုနဲ့နှလုံးသားက ဆွေးငို နေမြဲပါ။ *


မြန်မာသီချင်း ချိုချိုလေးတွေ တင်ထားတဲ့ CMS ရဲ့ Myanmar Music Box blog မှ သီချင်းလေးများကို ဆွဲယူ မျှဝေထားပါတယ်။ သီချင်းများအားလုံးအတွက် ကျေးဇူးတင်ပါတယ် CMS ခင်ဗျာ။
လင်းကို

Labels: , ,