Monday, July 31, 2006

Collection


ကတ်တလက် နှင့် မျောက်သုံးကောင်

ခင်..ရေ ဟောဒီမှာ သတင်းစာ ဆရာကလေးလာနေတယ်ဟေ့
အင်္ဂလိပ်လဆန်း ၃ရက်နေ့ နှင့် ၇ ရက်နေ့အကြား တစ်နေ့နေ့၏ နံနက်ပိုင်းတွင် ဤစကားတစ်ခွန်းသည် ကျွန်တော်၏ ပါးစပ်မှ ထွက်ပေါ်လာရစမြဲဖြစ်သော စကားတစ်ခွန်းပင်ဖြစ်ပါသည်။.........

မျောက်သုံးကောင်တို့မှာကား စာဖတ်သူတို့ နှင့် ကျွန်တော်စိတ်ကူးပေါက်သည့် အခါများတွင် တွေ့ဆုံ၍ ပေးလေ့ရှိသော ကျွန်တော့်သားသမီးကလေးများပင် ဖြစ်ကြပါသည်။.........

မခြူး
..ခြူးပိုက်ဆံ မျက်နှာနှင့်တူသော မျက်နှာဝိုင်းကလေးနှင့် မခြူးသည် ကေဂျီ ခေါ် သူငယ်တန်း အထက်ပိုင်းသို့ရောက်၍ ကျောင်းမှန်မှန်သွားနေသော ကျောင်းသူကြီးဖြစ်၍နေလေပြီ။ သတင်းစာကိုပင် ကောင်းကောင်းကြီး ဒေါင်းဒေါင်းပြေးအောင် ဖတ်တတ်နေ၏။ ရေဒီယိုမှလာသော သီချင်းမှန်သမျှကိုလည်း စည်းချက် ၀ါးချက်ကျကျ ဆိုတတ်ပြီ၊ စကားလည်း တတ်လှပြီ၊.........

ကိုလေးသောင်းကျန်း ..သူကတော့ တကယ်နိုင်ငံရေးသမားလုပ်ဖို့ကောင်းသောသူပင်ဖြစ်သည်။ သတင်းစာ ဆရာကလေးလာသော အချိန်၌ များသောအားဖြင့် ကိုလေးသောင်းကျန်းသည် နောက်ဖေးဆောင်တွင် ဘောလုံးတစ်လုံး နှင့် မီးပွင့်အောင်ဆော့၍ နေတတ်သည်။.........

ကိုလေးကြွက်ဖြူ ..အစ်ကိုလုပ်သမျှကို အားလုံးအတုခိုးသည်။ သူတစ်လုံးစနှစ်လုံးစ ပြောတတ်သောစကား ကလေးများမှာ ကိုလေးသောင်းကျန်းထံကရသော စကားလုံးကလေးတွေ ဖြစ်လေသည်။

အဲသည် မျောက်သုံးကောင်တို့သည် သူတို့အမေ ချက်ရေးပြုတ်ရေး စတင်တော့မည့် အချိန်လောက်တွင် နောက်ဖေးဆောင်သို့ လုံး၍ ၀င်ကြတော့သည်။.........(အပြည့်အစုံ ဖတ်ရန်)

  • ၂၀၀၆၊ဇူလိုင်လ ထုတ် ရွက်နုဝေ မဂ္ဂဇင်းမှ ဆရာဦးတင့်တယ် ရဲ့ ကတ်တလက် နှင့် မျောက်သုံးကောင် ကို ပထမဆုံး စပြီး blog မှာတင်ပါတယ်ခင်ဗျာ...
  • ဇနီးမယားနဲ့သားသမီးတွေရဲ့ တစ်နေ့တာ အဖြစ်အပျက်လှုပ်ရှားမှု အပြုအမူလေးတွေကို ကြည့်ငေးရင်း ကြည်နူးချမ်းမြေ့နေတဲ့ ဖခင်တစ်ယောက်ရဲ့ပီတိလွှမ်းနေတဲ့ အပြုံးလေးတွေကို မြင်ယောင်ရင်း စိတ်ချမ်း မြေ့ ရပါတယ်.ကျွန်တော် နှစ်သက်တဲ့ သာယာသော အိမ်ထောင်ရေးဘ၀ပုံစံလေးတစ်ခုပါ.....
  • ပွစိပွစိလုပ်လိုက်၊အော်ရယ်လိုက်နဲ့စာတွေအားလုံးပြီးအောင်တော့ရိုက်ပေးသွားတဲ့ မခင် နဲ့ဘာမှကို အသံမထွက်ပဲ ရိုက်ခိုင်း သမျှ ရိုက်ပေး တဲ့ မမိုးကို ကျေးဇူးတင်ပါတယ်၊
လင်းကို

Labels: ,

Friday, July 28, 2006

ကျေးဇူးအထူးတင်ရှိခြင်း






ပြီးခဲ့သောစနေနေ့က ရွက်နုဝေမဂ္ဂဇင်းမှ အယ်ဒီတာဆရာဦးမော်လင်းထံ အကူအညီတစ်ခု မေတ္တာရပ်ခံခဲ့ပါ တယ်၊ ကိစ္စကတော့ဆရာတို့မဂ္ဂဇင်းမှစာများကို ကျွန်တော့်blogမှာသိမ်းဆည်း မှတ်သားချင်လို့ပါ၊ ရွက်နုဝေ မဂ္ဂဇင်းဟာ ကျွန်တော်အမြဲဖတ်ရှုမှတ်သားနေတဲ့ မဂ္ဂဇင်းဖြစ်ပါ တယ်၊ ကျွန်တော်လေးစားရသော ဆရာများရဲ့ စာများကို ကျွန်တော့်blogမှာ လွယ်လွယ်လေး ကူးယူသိမ်းဆည်းဖော်ပြဖို့ ကျွန်တော့် စိတ်ဝိဥာဉ်ကမစွမ်းပါဘူးခင်ဗျာ။ ကျွန်တော့်blogမှာ ကူးယူဖော်ပြခြင်းရဲ့ရည်ရွယ်ချက်ကလဲ အဝေးမှာရောက်နေတဲ့ အကြောင်းကြောင်းကြောင့် အလှမ်းဝေးသွားခဲ့ရတဲ့ သူငယ်ချင်းများ၊ ၀ါသနာတူ ညီအကို မောင်နှမများ၊ မိတ်ဆွေအပေါင်း အသင်းများ၊ ကျွန်တော်ကိုယ်တိုင်အပါအ၀င် အားလုံးသောသူများအတွက် ကောင်းကျိုးဆန္ဒနဲ့ မေတ္တာဖြင့်လုပ်ဆောင်ရ ခြင်းဖြစ်ပါတယ်၊
ကျွန်တော့်တစ်ယောက်တည်း ပုဂ္ဂလိကခံစားချက်သက်သက် လုပ်ဆောင်တာဖြစ်သောကြောင့် ဘာအကျိုး စီးပွားရည်ရွယ်ချက်မှ မပါသလို ကျွန်တော်နှစ်သက်သော၊ မြတ်နိုးသော၊ တန်ဖိုး ထား လေးစားသောစာတွေကို ကျွန်တော့်တစ်ယောက်တည်း ကြိုးစားသိမ်းဆည်းခြင်းလည်း ဖြစ်ပါတယ်၊ ကျွန်တော်လုပ်ဆောင်လိုတဲ့ ဆန္ဒတွေ ကို ဆရာဦးမော်လင်းကို လေးလေးစားစား မေတ္တာရပ်ခံခွင့်တောင်းတော့ဆရာကသေသေချာချာဆွေးနွေးမေးမြန်းပြီးကူညီမည့်အကြောင်း၊ စာတစ်ပုဒ်တင်မယ် စိတ်ကူးတိုင်း ကြိုတင်အသိပေးရန်ပြောကြားပြီး ခွင့်ပြုခဲ့ပါတယ်၊ အတိုင်း မသိအောင်ကို ကျွန်တော်ဝမ်း သာကြည်နူးခဲ့ရပါတယ်။
ရွက်နုဝေမဂ္ဂဇင်းဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးခဲ့ကြသော ဆရာ ဆရာမများ၊ စာမျက်နှာ များမှတဆင့် အသိပညာအတတ်ပညာရပ်များ၊ အတွေးအခေါ်အယူအဆများ၊ စာပေ ရသများ နှင့် ကောင်းကျိုးကျေးဇူးများစွာ ကိုလမ်းညွှန်ပြသဝေမျှပေးခဲ့ကြသော ဆရာ ဆရာမများကို ဂါရ၀တရားရှေ့ထားပြီး ကျေးဇူးအထူးတင်ရှိကြောင်း ပြောပါရစေ ခင်ဗျာ .......
လင်းကို

Labels: ,

Wednesday, July 26, 2006

hows i m stupid

testing

Thursday, July 20, 2006

Portraiture(model)

အလှမယ် ပုံရိပ်တစ်ချို့

ကျွန်တော်ရဲ့ MPS-batch(34) တုန်းကရိုက်ဖြစ်ခဲ့တဲ့ အလှမယ်ပုံရိပ် တစ်ချို့ပါ.MPS အနေနဲ့ အလှမယ်(ပြင်ပ) ရိုက်ကွင်းများကို လစဉ် စီစဉ်ပေးပြီး သင်တန်းသားများနဲ့ အသင်းဝင်များကို ရိုက်ကူးခွင့်ပြုကာ အမှတ်ပေးပွဲများကို ဆောင်ရွက်ကျင်းပပေးပါတယ်.
ရိုက်ချက်ကလဲချာတူးလန် လက်ကလဲနှေး juryချိန်တွေဆိုလည်း သက်မှတ်ထားချိန်မရောက်တဲ့ ကျွန်တော့်ရဲ့ မကောင်းခြင်းများစွာကြောင့် အဲဒီပွဲတွေမှာ တန်းဝင်တဲ့ ဆုရယ်လို့ တစ်ခါမှကို မရဘူးလိုက်ပါဘူး.ဒါပေမယ့်လည်း ဆရာများကောင်းမှု သူငယ်ချင်းများကောင်းမှုများအပါအ၀င် ကိုယ့်ဘာသာအကြောင်းတိုက်ဆိုင်လို့ သွားရိုက်ဖြစ်ခဲ့တဲ့ MPS ရဲ့ လစဉ် အလှမယ်ရိုက်ကွင်းများမှ ပုံရိပ်များဟာလည်း ကျွန်တော့် အတွက်တော့ အမှတ်တရပုံရိပ်များပါ.....























လင်းကို

Labels: , ,

Wednesday, July 19, 2006

19,July,2006.(Martyr's Day)

(၅၉) နှစ်မြောက် အာဇာနည်နေ့


အောင်ဆန်းဇာနည်

ဖေဖေါ်ဝါရီ ဆယ့်သုံး မှာ
ဗိုလ်ချုပ်မွေးနေ့ပါ၊
တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား၊
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများ ခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စုသား၊
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွ တမလွန်၊
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။


















ကျွန်တော်တို့ နှလုံးသားထဲမှာ အစဉ်ထာဝရ ရှင်သန်လျက်ရှိနေတဲ့ အဖ သခင်အောင်ဆန်း အား ဦးညွှတ် အလေးပြုလျက်.........


လင်းကို
link : Bio

Labels: ,

Tuesday, July 18, 2006

Music

အတူတူ တို့နှစ်ဦး လျှောက်ခဲ့ကြတဲ့ လမ်းကလေးတွေလဲလေ...

ဟိုး ....... အဝေးကြီးမှာ ဝေးပြီ

အတူတူ တို့နှစ်ဦး ညည်းခဲ့ကြတဲ့ အချစ်သံစဉ်လေးတွေ.....


ခုတော့ မှုန်ရီ ပျက်သုဉ်းသွားခဲ့ပြီ...

ကြင်နာသူရေ ဘယ်မှာလဲ .........

ကာရန်မညီသော

del.icio.us/help/playtagger

personal homepage နဲ့ blog များမှာ သီချင်းများ မျှဝေခံစားခွင့်ပေးထားကြတာ ကျေးဇူးတင်စရာပါ. ဒါပေမယ့် အချို့သော လုပ်နည်းလုပ်ဟန်များကြောင့် တော်တော် စိတ်ရှုပ်ရပါတယ်.အခုတော့ del.icio.us's play tagger ကို မမေရဲ့ ခံစားမိသမျှ blog မှာတွေ့ရှိကာ အကြိုက်တွေ့ခဲ့ပါတယ်. disply လေးက လှတပတ လေးမဟုတ်ပေမယ့် တော်တော်ကို အဆင်ပြေပြေနားထောင်နိုင်တဲ့ playtagger ပါ. မမေရဲ့ အသေးစိတ်ရှင်းလင်းချက်များအတွက် ကျေးဇူးအထူးတင်ပါတယ်.....

Blog တွေမှာ music တွေ၊ video တွေတင်တာနဲ့ ပတ်သက်ပြီး Visitor Viewpoint ကနေ နည်းနည်းလောက် အကြံပေးပါရစေ။ Music Video တွေကို Youtube ကနေ တင်ပြီး၊ သီချင်းတွေဆိုရင် Castpostလိုဖွင့်မှပွင့်တဲ့ player မျိုးဖြစ်ဖြစ်၊ del.icio.us ရဲ့ Play tagger ကို သုံးပြီးဖြစ်ဖြစ် တင်လိုက်ရင် သီချင်း နားထောင်ချင်တဲ့သူလဲ......(ဆက်ဖတ်ရန်)
လင်းကို

Monday, July 17, 2006

Wedding (2005-2006)

ကျွန်တော် ငယ်စဉ်က မင်္ဂလာဆောင် ဧည့်ခံပွဲတွေ သွားရတာ တော်တော်စိတ်ပျက်ပါတယ်.အဖိုး နဲ့ အဖွားက သွားလေရာ ခေါ်လေတော့ ကျွန်တော့်မှာ တော်တော်ဒုက္ခရောက်ပါတယ်.ကျွန်တော့်အတွက် စိတ်ပျက်စေတဲ့ ကိစ္စတွေကတော့ ကိန်းခန်းသိပ်ကြီးပြီး သိပ်အပိုတွေထည့်သွင်းလေ့ရှိတဲ့ ဧည့်ခံပွဲတစ်ချို့ပါ.ပုံမှန်ဧည့်ခံပွဲတွေမှာလည်း လေရှည်လွန်းသော သြဘာစာဖတ်ကြားတဲ့ အခမ်းအနားမှုးပါတဲ့ပွဲတွေ.အသံသိပ်ကောင်းပြီးစူးရှလှတဲ့ မမေဆွိတို့ မနီနီဝင်းရွှေတို့သီဆိုဖျော်ဖြေတဲ့ပွဲတွေဟာလည်း ကျွန်တော့်ရဲ့ မသိတတ်သေးသော ငယ်စဉ်ဘ၀ စိတ်ညစ်စရာ အခမ်းအနားများပါပဲ...
ဒီလိုနဲ့ပဲ အတန်းကြီးလာတော့ ဒီကိစ္စတွေမှ အလိုလိုကင်းဝေးသွားပါတော့တယ်.အဲဒီအချိန်တွေကနေ နောက်ပိုင်းသွားဖြစ်ခဲ့တာတွေကတော့ အကို အမတွေနဲ့ ဆွေမျိုးအရင်းအချာတွေရဲ့ဧည့်ခံပွဲတွေ၊ သူငယ်ချင်းများနဲ့ ပါတ်သက်သောသူတစ်ချို့ရဲ့ ဧည့်ခံပွဲတွေ၊ ဆရာ ဆရာမများနဲ့ ပါတ်သက်ရာပါတ်သက်ကြောင်း ဧည့်ခံပွဲတစ်ချို့ . ဒီလောက်ပဲ ရောက်ဖြစ်သွားဖြစ်ခဲ့ပြီး မှတ်မှတ်ရရလည်း သိပ်မရှိခဲ့ပါဘူး.အသက်အရွယ်ကလည်းငယ်သေးတော့ အလေးအနက်ထားရမယ့် လူမှုရေးတာဝန်တွေနဲ့ တော်တော်ဝေးနေပါသေးတယ်.
ဒီလိုနဲ့ပဲ လွန်ခဲ့တဲ့ ၆နှစ်ခန့်ကစပြီး မင်္ဂလာဆောင်ဧည့်ခံပွဲတွေနဲ့ ပါတ်သက်လို့ လူမှုရေးတာဝန်တွေ တဖြည်းဖြည်းနားလည်လာသလို တာဝန်လည်းစယူလာရပါပြီ.ဖိတ်စာတွေမှာ ကိုယ့်နာမည်ကို သီးသန့်တပ်ဖိတ်လာသလို မသွားမဖြစ်သွားရမယ်ဆိုတဲ့ အသိကလည်းကိန်းအောင်းနေပါပြီ.သြဘာစာဖတ်ကြားတဲ့ အခန်းအနားမှုးလူကြီးမင်းများရဲ့ စကားများကို အလေးထားတတ်လာသလို မမေဆွိတို့ဆိုခဲ့တဲ့သီချင်းများကိုလည်း အမှတ်တရ ဖြစ်တတ်လာပါပြီ.မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများ၊ ဆွေမျိုးညီအစ်ကို မောင်နှမများ၊ ပါတ်သက်ရာပါတ်သက်ကြောင်းများရဲ့ နေရာစုံ အခြေအနေစုံမှာ ကျင်းပခဲ့ကြတဲ့ ထိမ်းမြားမင်္ဂလာလက်ထပ်ပွဲ အခမ်းအနားတွေကို ၀ါလကင်းလွတ် သီတင်းကျွတ်မှသည် ၀ါမ၀င်မှီ ၀ါဆိုလမရောက်မီထိ တက်ရောက်ဖြစ်ခဲ့သလို အမှတ်တရ လည်းဖြစ်မိပါတယ်...
အပျော်ဆုံး အမှတ်တရ အဖြစ်ဆုံး မင်္ဂလာ အခမ်းအနားတွေကတော့ သူငယ်ချင်းများရဲ့ မင်္ဂလာအခမ်းအနားများပါ.အထူးသဖြင့် သူငယ်ချင်းချစ်သူ စုံတွဲတို့ရဲ့ မင်္ဂလာအခမ်းအနားတွေကတော့ ကြည်နူးမှုအရဆုံး၊ အချမ်းမြေ့ဆုံး၊ အမှတ်တရ အရှိဆုံး အချိန်တွေအဖြစ် ထာဝရ တည်နေမှာပါ.တစ်နှစ်မှာ သူငယ်ချင်းချစ်သူစုံတွဲ တစ်တွဲလောက်တော့ အနည်းဆုံး ကြုံရ တက်ရောက်ခဲ့ရသလို. အခု (၀၅-၀၆) မှာတော့ ကျွန်တော့် ချစ်သူငယ်ချင်းကြီး ကိုငယ် နဲ့ ချစ်သူငယ်ချင်း ကျော်ကြီး တို့ရဲ့ (၄.၂.၂၀၀၆) မှာ ကျင်းပခဲ့တဲ့ မင်္ဂလာအခမ်းအနားဟာ အမှတ်တရ သူငယ်ချင်းချစ်သူတို့ရဲ့ လက်ထပ်မင်္ဂလာပါ.....


လင်းကို

Thursday, July 13, 2006

Editor's Words


2003,October ထုတ် ရွက်နုဝေ မဂ္ဂဇင်း မှ editor's words ပါ . ကျွန်တော် နှစ်သက်လက်ခံခဲ့တဲ့ စကားစုများဖြစ်လို့ ဒီနေရာမှာ ထပ်မံမှတ်သားပါတယ်.....
လင်းကို

Wednesday, July 12, 2006

Korean Music




English Translation

I just cant understand the hearts of men
They tell you they want you and then they leave you
This is the first time, you're special
I believed those words and I was so happy
You should have told me you didn't like me any more
But I couldn't see that and you just rushed me
Although I will curse you I'll still miss you
Since I am a girl, to whom love is everything
I heard that if you give up things too easily
To a man, he will get bored with you
I don't think this is wrong
A girl says that she will never be fooled again
But she will fall in love again
You should have told me you didn't like me any more
But I couldn't see that and you just rushed me
Although I will curse you I'll still miss you
Since I am a girl, to whom love is everything
Hey babe
The pain
It's not enough to describe how i feel
We were so happy together
But I know now
I've been blind
You told me that you'd never let me down
Whenever I needed you you'd always be here
I can forgive but I cant forget
Even though you hurt me
I still love you
I still love you
Don't take advantage of a girl's willingness to do anything for love
And her caring instinct
I didn't know that to be born as a girl and to be loved was so hard
Although i will curse you i'll still miss you
Since i am a girl, to whom love is everything
Although i will curse you i'll still miss you
Since i am a girl, to whom love is everything

ကိုနားရဲ့ blog မှ နားထောင် ကြည့်ရှုခဲ့ရပြီး ရင်ထဲ တန်းမှန်သွားတဲ့ သီချင်းလေးပါ . ရိုက်ကူးသူရဲ့ ဖန်တီး တင်ပြချက်တွေ က ရင်မှာထိတယ်ဗျာ . lyric နုနုလေး melody လှလှလေးနဲ့ vocal ရဲ့ mood ကောင်းလှတဲ့ ဆိုဟန် လေးက နားထောင်ရင်းနဲ့ နစ်မျောစေတယ်ဗျာ . lyric ကို english translation လုပ်ပေးထားလို့ ကိုနား ကို ကျေးဇူးအထူးပါ .
လင်းကို
T@g: ,

Photographs from my Friend

ကျွန်တော့် သူငယ်ချင်း mhz ရဲ့ photographic website မှ ကျွန်တော် အနှစ်သက်ဆုံး ပုံရိပ်တစ်ချို့.....


mhz ရဲ့ site banner ပါ . တောင်သမန်အင်း ၊ ဦးပိန်တံတား ၊ သစ်ခြောက်ပင်အို ၊ ညနေခင်း ဆည်းဆာအလှအပ တို့ကို တင်ပြထားပါတယ်...






mhz ရဲ့ sunset & sunrise များမှ...








mhz ရဲ့ buddha's statues...
လင်းကို
T@g: ,,

Tuesday, July 11, 2006

ဝါဆိုလဘွဲ့

ပြုနိဗ္ဗာန်သန်ကြယ် ထွန်းလို့ ၊
လ၀န်းတဲ့ သော်တာ ။
သည်ချိန်ကို ယုဂန်ဖျားက ၊
ှနှစ်ပါးရောင်ခြည် ဆိုက် ၊
လင်းခိုက်မို့သာ ။
ရနံ့ငယ်ဖြာ ၊
ညှာတံက ငုံဖူး ၊
ပုန်းညက်ကယ် ခိုင်ပင်မင်းက ၊
သင်းပျံ့ပျံ့ကြူး ။
ဖိုးသူတော် ဦးမင်း
လင်းကို

Monday, July 10, 2006

Happy Birthday Mom.......



ကျွန်တော် (၄)လ မပြည့်မှီ တစ်ရက်အလိုက အမေ နဲ့ အတူ အဘိုး ရိုက်ပေးခဲ့တဲ့ပုံလေးပါ. ဒီနေ့ အမေ့ ရဲ့ (၅၄) နှစ်ပြည့် မွေးနေ့ အမှတ်တရ .....
  • အမေ ရဲ့ (၅၄) နှစ်ပြည့်မြောက်သော မွေးနေ့ မှသည် နောင်နှစ်ပေါင်း များစွာတိုင်အောင် စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံ၍ အမေချစ်သော အဖေ ၊ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက် ၊ အခြား အခြားသော အမေ ချစ်သော ပုဂ္ဂိုလ်များ ၊ အရာများ နှင့် အတူ အမေ့ မွေးနေ့ ၊ နေ့ရက်များကို အမေ့ ဆန္ဒများပြည့်မြောက်စွာ ဖြတ်သန်း နိုင်ပါစေ ။
လင်းကို

Friday, July 07, 2006

My Photographs_2005-2006_Mdy

ကြည်နူးစဖွယ် ပုံရိပ် တစ်ချို့.......

ကျွန်တော် ရိုက်ကူးထားတဲ့ ကလေးငယ်များရဲ့ ပုံရိပ်များထဲမှ တစ်ချို့ပါ...ဆော့ကစားနေတဲ့
လှုပ်ရှားမှုများ နဲ့ အပြုံးလေးမျာ
း ကို ပုံရိပ်ဖမ်းထားပါတယ်...
Minolta-Dynax 500si Super_SLR Camera
နဲ့ Fujicolour100-24x36mm Film ကို အသုးံပြုပြီး ရိုက်ထားပါတယ်.......














ဒီကလေး ရဲ့ မျက်နှာထားဟာ အလွန် ချိုပါတယ် . ကျွန်တော် သဘောကျလို့ ခွင့်တောင်းပြီး ရိုက်ထားတာပါ.သူနေပေးတဲ့ pose လေးက သူ့ကိုယ်ပိုင်လေးပေါ့ . အလွန် ဟန်ကျလှတဲ့ ချစ်စရာ ချာတိတ်လေးပါ...
ကျွန်တော် ငယ်စဉ်က အလွန် မှုန်တေတေ နိုင်လို့ လူမှန်းမသိမှီ အဖေ ရိုက်ပေးထားတဲ့ ပုံများမှလွဲလို့ ပြုံးပြုံးချိုချို တစ်ပုံမှ မရှိပါ . အခု အရွယ်မှာတော့ မျက်နှာထားချိုတဲ့ ကလေးများရဲ့ ဓာတ်ပုံများကို မြင်တိုင်း ငယ်စဉ်က မိမိ ကို ဓာတ်ပုံ ရိုက်ခဲ့ကြ သူများကို အားနာစိတ်တွေ ၀င်လာရပါတယ်.....




























AF 75-300mm Tele နဲ့ Focus ကို Manual အသေဖမ်း Auto Exposure Bracketing ထားပြီး ပင့်ပေးမယ့် ကလေး ရေထဲက စထွက်ချိန်မှာ စတင် မောင်းဖြုတ်ပါတယ် . အားလုံး ၅ကွက်ရိုက်ပြီး ဒီနှစ်ကွက် ကိုကြိုက်ပါတယ် .....


























အပူအပင်ကင်းစွာ လွတ်လပ်ပျော်ရွှင် ဆော့ကစားနေတဲ့ ကလေးငယ်များရဲ့ လှုပ်ရှားမှုလေးတွေ၊ ကြည်စင်တဲ့ အပြုံးလေးတွေ ကိုမြင်ရတာ စိတ်ကို ရွှင်လန်းပေါ့ပါးစေပါတယ် . သူတို့လေးတွေကို ငေးကြည့် နေစဉ်မှာရော၊ ရိုက်ကူးစဉ် မှာပါ သူတို့ဆီက လွတ်လပ်ပျော်ရွှင်မှု တွေဟာ ကျွန်တော့် စိတ်နှလုံးကို ကူးစက်ခံစားရပါတယ်...

















T@g: ,,

Wednesday, July 05, 2006

4,July,06.

ဒီနေ့ .....
ငါ၏ စိတ် ငါ့နလုံးသားသို့
ချိုမြိန်သော စကားသံ
အက်ဆစ်အဖြစ် ဓာတ်ပြောင်းသွားပြီ ...
ငါမသိသော နိယာမတရား
လုပ်ဆောင်ချက်မရှိ ဖြစ်ပေါ်မှု
ဒါပေမယ့် သက်ရောက်လိုက်ပြီ
နှလုံးသားသို့ နားစည်မှသည်...
ဖန်တီးမှု တစ်ခုထဲ
နစ်မျောနေတဲ့ စိတ်အလျဉ်
စိတ်ကူးမျက်နှာကျက်ဆီက
ကပ်နေတဲ့ လမိုင်းတွေ ..
အားလုံးပျော်ဝင် လွင့်ပျောက်ကုန်ပြီ ...
ဒီမှာ ငြိမ်နေတဲ့ ရုပ်ခန္ဓာ
ဟိုဆီမှာ မျောလွင့်နေ
စိတ်အပိုင်းအစတို့ ဦးတည်ချက်မရှိသော
ဒြပ်မဲ့နေ့ .......
လင်းကို